ရှောင်းကျန့်  ကားနောက်ခန်းက ထိုင်ရင်း ဦးလေးဖန်ခေါ်ရာ လာလိုက်သည် လမ်းတစ်လျှောက် အပြင်ကိုသာ ငေးကြည့်နေမိသည်  
   မားမား မှာခဲ့သလို ငါဘဝကို ကောင်းကောင်း ဖြတ်သန်းရမယ် ဟုတ်တယ် မားမား  စကား ငါနားထောင်ရမယ်

"သားလေး မားမား မရှိတော့တဲ့အခါ ဘဝကို ကောင်းကောင်းဖြတ်သန်းပါ ကောင်းကောင်း အသက်ရှင်ပါ

ရှောင်းကျန့်  သူ့မားမား ပြောခဲ့တဲ့ စကားသံကို ပြန်ကြားယောင်ရင်း မျက်ရည် တွေက ပါးပြင်ပေါ် ကျလာပြန်သည်

   ရှောင်းကျန့်  သူ့ပါးပြင်ပေါ်က မျက်ရည် တွေကို သူ့ လက်ခုံလေးနဲ့ သုတ်ကာ နူတ်ခမ်းပေါ် အပြုံးချိုလေးတစ်ခု ပြုံးလိုက်သည်
  ကားခေါင်းခန်းက ကားမောင်းနေတဲ့ ရှောင်ဖန်ကလဲ သူ့တူလေးရဲ့ အမူအရာကြောင့် ကျေနပ်ကာ ပြုံးမိသည်

"ရှောင်းလေး  ရောက်တော့မယ်

"ဟုတ် ဦးလေးဖန်

   ကားခနလောက် စီးပြီး ဦးလေးဖန်က ကားကို ခြံဝန်းကြီး တစ်ခု ထဲ မောင်းဝင်သွားသည်
ခြံဝန်းကြီးက အတော်ကျယ်သည်  ခြံဝန်းထဲ ကားရပ်လိုက်တော့ အိမ်ကြီး တစ်ခု တွေ့သည် အိမ်ကြီးကလဲ အတော်ကို ကျယ်သည် အတော်လဲ လှသည်

"သားလေး ဆင်းခဲ့ ရောက်ပြီ

"ဟုတ်  ဦးဖန်

  ရှောင်းကျန့်  ကားပေါ်က သူ့အထုပ်လေး ပိုက်ပြီး ကားအောက်ကို ခြေတစ်ချောင်းချလိုက်သည်   အိမ်ကြီးက အတော်ကို လှသည် သူတစ်ခါမှ ဒီလို အိမ်မျိုးကို မမြင်ဖူးခဲ့ ဒါ ပထမဦးဆုံး မြင်ဖူးခြင်းသာ

"ရှောင်းလေး လာလေ

"ဟုတ်ဟုတ်

   ရှောင်းကျန့်  သူ့ဦးဖန်ကက ခေါ်တော့ သု့အထုပ်လေး ပိုက်ပြီး ဦးဖန်အနားပြေးသွားသည်

"ဦးဖန်  ဒီအိမ်ကြီးက ဘယ်သူ အိမ်လဲဟင်

"ဒါက ဦးဖန် သူဌေးအိမ်လေ

"ဟမ် ဦးဖန် သားက ဒီမှာ နေရမှာလား ဖြစ်ပါ့မလား

"စိတ်မပူပါနဲ့ ရှောင်းလေးရဲ့ ဦးဖန်  သူဌေးကို ပြောပြီးသားပါ ဦးဖန် သူဌေးက သဘောကောင်းပါတယ်

(ဦး"Oo Wang🚨🔞⚠️)(ဦး"Oo Wang🚨🔞⚠️)Complete Where stories live. Discover now