" ဘယ်ကောင်ပြောတာလဲ ငါ့ညီလေး
ကိုများ ရုပ်ဆိုးတယ်လို့။ မင်းတို့
ကျောင်းကိုလိုက်ခဲ့ပြီး ငါသွားတွေ့မယ်"

သူနဲ့ကျွန်တော်က အမေမတူကြဘူး
လို့ သူနားလည်သွားတုန်းကတောင်
တညလုံးငိုနေတဲ့က​လေး။

သူ့အမေနဲ့တူလို့ အသားနည်းနည်း
ညိုတာပါ။ကျွန်​တော့်ညီ​လေးက
ချစ်စရာကောင်းလွန်းလို့။

" သားတို့က ညီအကိုအရင်းတွေပဲနော် ဆုလာဘ်။ ဆုလာဘ်ကသားအစ်ကိုနော်"

အငယ်လေးကိုခပ်မြန်မြန်ပင် ဆွဲဖက်
လိုက်ရတော့သည်။

"ဆုလာဘ် သားတို့နဲ့မနေနဲ့တော့ ။
သွားလိုက်တော့။ ဆုလာဘ်က
အကုန်လိုက်လုပ်ပေးနေလို့ အမေက
သားကိုဂရုမစိုက်တာ။ ဆုလာဘ်မရှိမှ
သားတို့ကျေးဇူးရှင်က ဆုလာဘ်မှန်း
အမေသိမယ်။ဆုလာဘ်မရှိရင် သားတို့ဒုက္ခရောက်မှာမို့လို့အိမ်စရိတ်​လေး​
တော့ ပို့​ပေးအုန်းနော်။ သားကြီး
လာမှ အ​​မေနဲ့ဆုလာဘ်ကို အလုပ်
လုပ်ပြီး ပြန်ရှာကျွေးမယ်"

"မ​ပြောနဲ့​တော့။မင်းဘာလို့ဒီ​လောက်
တတ်​နေတာလဲ။ ငါ့ညီ​လေးကိုထား
သွားပြီး ငါကဘယ်ကိုသွားရမှာလဲ ။
မသွားဘူးဘယ်မှမသွားဘူး"

သူ့အ​မေနဲ့တူလို့လား​တော့မသိ ဥာဏ်က​တော်​တော်ပြေးတယ်။

အငယ်လေးက ကျွန်​တော့်ဖက်ထား
ရာက​နေတိုးထွက်လာသည်။

" အဖေမဆုံးခင်က သားကိုမှာ
သွားတယ်။ မင်းအစ်ကို ကမင်းကို
လသားအရွယ်ထဲကလက်​ပေါ်ကမချပဲ
ကြည့်ခဲ့တာ မင်းအစ်ကိုကျေးဇူးကို
သိတတ်ရမယ်တဲ့။ဆုလာဘ် သား
အတွက်ပဲမကြည့်ပါနဲ့။ ပျော်တဲ့နေ
ရာမှာသွားနေပါ။သားမှာ အမေရှိ
တယ်။ ဆုလာဘ်က ကိုကြီးစစ်ကြောင်း
နဲ့ပဲသွား​နေလိုက်​တော့"

ဘာမှပြန်မ​ပြောနိုင်​တော့တာမို့
အငယ်​လေးကို​နောက်ထပ်တစ်ကြိမ်
ပြန်ဖက်လိုက်ရသည်။ကျွန်​တော်
ဘယ်လိုလုပ်ရမလဲ။

------------

" ဆုလာဘ် ဒီမှာ အင်္ကျီ တွေကျန်သေးတယ်"

luggageထဲ အဝတ်အစားတွေ​
ခေါက်ထည့်​နေတာကို ကူညီ​ပေး​နေ
တဲ့ အငယ်​လေးက ဘီရိုဖွင့်ပြီး
ကျွန်​တော့်ကိုပြသည်။

Reward[Him From Final Year]Where stories live. Discover now