" ကိုကြီးစစ်ကြောင်းနဲ့ပဲ သွားနေ
လိုက်တော့ ဆုလာဘ်"

" ဘာတွေပြောနေတာလဲ အငယ်​လေး"

"ဆုလာဘ်နဲ့ ကိုကြီးစစ်ကြောင်းနဲ့က
ချစ်သူရည်းစားတွေမလား"

အငယ်လေးက အေး​အေးဆေးဆေးပင်

" မင်းဘယ်လိုသိတာလဲ"

" သားကဖြင့်သိတာကြာလှပြီ။
သားအိပ်ပျော်သွားတဲ့အချိန်မှ
စောင်ကြီးခြုံပြီး ညတိုင်းဖုန်းခိုး
ပြောနေပြီးတော့"

အပြုံး​မပျက်သည့် ကျွန်​တော့် ညီလေး။
ရုတ်တရတ်စကားရှာမရ။

တမင်တစ်ကာ ဖုန်းကွယ်ထားတာ
မဟုတ်ဘူး။

" သားခိုးနားထောင်တာမဟုတ်
ဘူးနော်။သားကဖြင့် ညတရေးနိုး
လာပြီ ဆုလာဘ်နဲ့ ကိုကြီးစစ်ကြောင်းက ဖုန်းပြောလို့ကိုမပြီးနိုင်ကြ​သေးဘူး"

"အငယ်​လေး"

ကျွန်​တော့်ညီ​လေးလက်နှစ်ဖက်ကို
အမြန်ဆွဲကိုင်လိုက်ရတော့သည်။

အငယ်လေးက ပြုံးနေပေမယ့်
မျက်ရည်ဝဲနေပြီ။

" အ​မေကအမြဲ​အော်ဟစ်​နေလို့
ဆုလာဘ် သားတို့နဲ့နေရတာ မပျော်
တော့ဘူးမလား။ ကိုကြီးစစ်ကြောင်း
နဲ့ပဲသွား​နေလိုက်​တော့"

" ဘာ​တွေပြောနေတာလဲ မင်းကို
ထားပြီး ငါကဘယ်ကိုသွားရမှာလဲ"

""သားအစ်ကိုကို ဘယ်သူ့ကိုမှမပေး
ချင်ပေမယ့် ကိုကြီးစစ်ကြောင်းမို့လို့​ပေးလိုက်မယ်။ ဆုလာဘ်သားတို့နဲ့
မနေနဲ့တော့။ သားကိုဘာမှစိတ်မပူနဲ့
သားက က​လေးမဟုတ်​တော့ဘူး။
သားကိုကြည့်​ပေးမဲ့ မလုံးလည်းရှိတယ်"

ရင်ထဲဘယ်လိုဆို့နင့်လာမှန်းမသိ။

အရွယ်နဲ့မလိုက်အောင်ကျွန်​တော့်
အ​ပေါ် တစ်အားသိတတ်တဲ့က​လေး။

ကျွန်​တော့်ကို တစ် အားခင်တွယ်
တဲ့ကလေး။

" အတန်းထဲက သားသုငယ်ချင်းက
ပြောတယ်။ မင်းအကိုကျတော့
အသားဖြူပြီးတော့​ချောတယ် မင်း
ကျတော့အသားညိုပြီး ရုပ်ဆိုးတယ်
တဲ့။ မင်းတို့ကညီအကိုအရင်းတွေ
မဖြစ်နိုင်ဘူးတဲ့"

Reward[Him From Final Year]Where stories live. Discover now