" ဝမ်ရိပေါ် ခင်ဗျားဒီရောက်တိုင်းအိပ်တယ်နော် "

" ငါအိပ်တာမကြိုက်လို့လား ငါနောက်ဆိုမအိပ်တော့ပါဘူး "

" နောက်ဆိုနိုးရင်ကျုပ်ကိုအရင်ကြည့် အရင်ရယ်ပြ "

" ဟင် "

" ကျုပ်ပြောတဲ့ထဲ ခင်ဗျားနားမလည်နိုင်တဲ့စကားပါသွားသလား ဝမ်ရိပေါ် "

" ကိုကိုလို့ခေါ်ပြီးပြောရင် ငါမောင်ပြောတာအကုန်နားထောင်မယ် "

" ကျစ်! ခင်ဗျားကျုပ်အလိုလိုက်နေတာနဲ့အထွန့်တက်မလာနဲ့ဝမ်ရိပေါ် ခင်ဗျားအဆင့်ကိုကျုပ်ပြပေးရမလား ဟမ်!"

" အင်း ငါနားလည်မှုလွဲသွားတယ်ရှောင်းကျန့် "

ရိပေါ်တကယ်လည်းအခေါ်ခံရဖို့မမျှော်လင့်ထားပါ။ဒီတိုင်းကြားချင်စိတ်ဖြစ်ပေါ်လာသည်မို့ ပြောလိုက်သည်ကို အခုလိုရှောင်းကျန့်ပြောလာလေတော့ တကယ်ကိုဝမ်းနည်းမိသည်။ကိုယ်နဲ့လက်ထက်ထားသည့် လင်ယောက်ျားစီမှ နာမည်အရင်းပဲကြားနေရတာကို တကယ်ကိုမနှစ်သက်သည်မို့ ခေါ်ခိုင်းလိုက်မိသော်လည်း ကြားရသည့်စကားတွေသည် အလွန်ကိုပြင်းထန်လွန်းလှသည်။

" မျက်နှာကိုမော့ထားဝမ်ရိပေါ် "

" ... "

" ခင်ဗျားကို ဘယ်ကောင့်ရှေ့မှခေါင်းမငုံ့နိုင်အောင်ကျုပ်ထားတာ ကျုပ်ရှေ့တောင်ခေါင်းမငုံ့နဲ့ ဝမ်ရိပေါ် ခင်ဗျားကြားလား! "

" ရှောင်းကျန့်တော်တော့လေ မင်းဟာက ဟိုမှာ ဝမ်းနည်းနေတာကိုစွတ်အော်နေတယ် "

ရှောင်းကျန့် သက်ပြင်းရှည်ကြီးအားချလိုက်ပြီး ထရပ်ကာ ရိပေါ်နားသွားရပ်လိုက်သည်။ပြီးသည်နှင့်မော့မလာသေးသည့်ခေါင်းကြောင့် မေးဖျားမှအသာကိုင်ကာ အပေါ်သို့မော့စေလိုက်သည်။နှုတ်ခမ်းများကိုက်ကာ အသံမထွက်အောင်အံကြိတ်ငိုနေသည်မို့ မေးဖျားလေးသည်တုန်တုန်ယင်ယင်ဖြစ်နေသည်ကိုလည်းခံစားမိပါသည်။

" နှုတ်ခမ်းမကိုက်နဲ့ နာလိမ့်မယ် မျက်ရည်မကျနဲ့ဝမ်ရိပေါ် ကျုပ်နဲ့လုပ်တဲ့အချိန်ကလွဲရင် ကျန်တဲ့ချိန်မျက်ရည်မကျနဲ့ ကျုပ်ကိုကျုပ်အပြစ်သားလိုခံစားမိအောင်မလုပ်နဲ့ ဝမ်ရိပေါ် "

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now