"အညို အိပ်တော့လေ ဝေ အခန်းထဲလိုက်ပို့ပေးမယ်"

"ရပါတယ် ဝေ။ ညို့ဘာသာသွားပါ့မယ်။"

"အညိုကရလည်း ဝေကလိုက်ပို့ချင်တယ်လေနော်.."
မျက်နှာထားလေးကိုအတတ်နိုင်ဆုံးငယ်ချပစ်လိုက်ရင်းညှိုးငယ်သည့်ပုံစံနှင့်သနားစဖွယ်ဖြစ်အောင်လုပ်ပြောလိုက်သည်။ဒါမှသာသူ့သဲငယ်လေးကလိုက်ပို့ခံမည်လေ။

"ဟုတ် အဲ့ဆိုလည်း လိုက်ပို့ပါ ဝေ.."

စကားကိုအပိုအလိုမရှိပြောတတ်သည့်မျက်နှာတည်တည်လေးနှင့်ရှမ်းမလေးက်ိုဘေးချင်းကပ်လမ်းလျှောက်ရင်းကမသိမသာခိုးကြည့်ရခြင်းကို ဝေ ကြိတ်ပြီးသဘောကျမိပြန်သည်။

လိုက်ပို့ပြီးသည်နှင့်တစ်ပြိုင်နက် သူငယ်ချင်းမဖြစ်သူ လှသွေးပန်းချီ၏အခန်းဘက်ကိုလှည့်ဝင်လိုက်တော့သည်။

.......
အခန်းထဲကိုရောက်သည်နှင့်ကုတင်ပေါ်ပင်ရောက်အောင်မသွားနိုင်တော့ဘဲ အခန်းတံခါးကိုပိတ်ကာထိုင်မှီရင်း သူငိုရှိုက်မိသည်။ကံတရားဟာသူ့ကိုမျက်နှာသာမပေးခြင်းဟာ မွေးဖွားလာကတည်းကပင်။ မိဘနှစ်ပါးလုံးကမလိုချင်သည့်ကလေးဖြစ်ခဲ့သည့်တိုင် မေမေ ကတော့သူ့ကိုသမီးဦးဆိုသည့်စကားလုံးနှင့်အညီချစ်ပေးခဲ့ပါသည်။

သို့တိုင် သူမ၏အသက် ၁၅ နှစ်တွင်ကမ္ဘာပေါ်တွင်သူ့ကိုချစ်ပေးခဲ့သည့် မိခင်ဟာ heart attack ဖြင့်ရုတ်တရပ်ကွယ်လွန်ခဲ့လေသည်။ ထိုအချိန်အခါကစပြီးသူ့အပေါ်ကြင်နာယုယခဲ့သည့်လူဟာ ဖေဖေနှင့်လုပ်ငန်းစပ်တူလုပ်ကိုင်သည့်မိတ်ဆွေ၏သမီးဖြစ်သူ ရွှေဥဒေါင်းဆိုသည့်အမျိုးသမီးလေးတစ်ဦးသာပင်။ တစ်ဦးတည်းသောမောင်နှမရင်းချာဖြစ်သည့်မောင်လေး
သွေးမာန်ပြည့်စုံကိုလည်းဖေဖေ့ညီမအရင်းရှ်ိသည့် နိုင်ငံခြားသို့စေလွှတ်ခဲ့လေသည်။

နဂိုကတည်းကအိမ်မကပ်သောဖေဖေသည်မေမေဆုံးသည့်နောက်ပိုင်း ပြန်မလာတစ်ရက် လာတစ်ရက်နှင့်မို့ အနေနီးသော မမဥဒေါင်းကိုသာ အကြင်နာပိုတွယ်တာမိခဲ့တော့သည်။

မကြာမီကသိရှိခဲ့သောအမှန်တရားတစ်ခုသည်သူ့ကိုတုန်လှုပ်စေသည်။

ချစ်ရပါသော အန်တီ (Completed)Where stories live. Discover now