" ငါတကယ်ဒီမှာနေရတာလား "

" အင်း "

" ဟီး "

ရိပေါ်ရှောင်းကျန့်အားရယ်ပြလိုက်၍ ရှောင်းကျန့်လက်အားကိုင်ကာ ကုတင်နားသို့ရှေ့မှဦးဆောင်ကာပြန်သွား၍ ရှောင်းကျန့်အားလိမ်းပေးရန် ဆေးဘူးရှာရန်ပြန်အထ လက်အားဆွဲကာ ဆွဲချလိုက်သည်မို့ လူကရှောင်းကျန့်ရင်ခွင်ထဲပုံရက်ကလေးဖြစ်သွားရသည်။

" ခင်ဗျားကိုအပြင်မထွက်ဖို့ပြောနေတယ်မလား "

" ငါဆေးဘူးသွားယူမို့လေ "

" မလိုဘူး ကျုပ်နားကဘယ်မှမသွားနဲ့ "

ရှောင်းကျန့်ဟာရိပေါ်အား‌သူ့ဘေးသို့အိပ်စေ၍ ဖက်ထားလိုက်သည်။ ရင်ခွင်ထဲထည့်ထားသည်ကို အငြိမ်မနေပဲ အနည်းငယ်လှုပ်ရွနေသည့် ရိပေါ်ကြောင့် ရှောင်းကျန့်စိတ်တိုလာလေပြီ။

" ခင်ဗျား အလုပ်မခံချင်ငြိမ်ငြိမ်နေ ကျုပ်တစ်ကိုယ်လုံးကိုက်ခဲနေတယ် "

ဝမ်ရိပေါ်သည် ဒေါသသံပါနေသည့်ရှောင်းကျန့်စကားကြောင့် ချက်ချင်းငြိမ်ကျသွားသည်။ရှောင်းကျန့်စိတ်ဆိုးနေလျှင် သေချာပေါက်သူမလှုပ်ရဲပါ။သူ့ကိုတကယ်လုပ်မည်ကိုသိနေသည်မို့ ရှောင်းကျန့်အားအနည်းငယ်တော့ကြောက်မိသည်။ယောက်ျားတစ်ယောက်ဖြစ်သော်လည်း ကိုယ့်ထက်လူကောင်ထွားပြီး ကိုယ့်ထက်သန်သည့်လူကို အနည်းငယ်တော့ကြောက်စိတ်ဝင်တတ်ပါသည်။သူသည်ရှောင်းကျန့်အား အနည်းငယ်ပင်မဟုတ် အများကြီးကြောက်မိပါသည်။

တစ်ကိုယ်လုံးကိုက်ခဲနေသူသည် ရိပေါ်အားခွလုံးနှင့်ထူးမခြားနား ခွကာဖက်ထားသည်။ရိပေါ်၏တင်ပါးလုံးလုံးလေးအပေါ်သို့ ရောက်လာသည့်ရှောင်းကျန့်၏လက်ကြောင့် ရိပေါ် မျက်လုံးများဟာ အနည်းငယ်ပိတ်နေရာမှ ပြန်ပွင့်လာရသည်။လက်အားဖယ်မည်အပြု ထွက်ပေါ်‌လာသောရှောင်းကျန့်စကားကြောင့် အံ့ဩမိသော်လည်း ငြိမ်ကျသွားပြန်သည်။

" တစ်ကိုယ်လုံးကိုက်နေတယ် လေ့ကျင့်ခန်းလုပ်ဖို့လိုတယ် အဲ့တာကြောင့်ကိုင်တာ ငြိမ်ငြိမ်နေ "

" အာ "

ရှောင်းကျန့်စိတ်များသည် ခက်ထန်လာလေပြီမို့ ရိပေါ်၏တင်ပါးအားဆုပ်နယ်မှုသည် တစ်စတစ်စပြင်းထန်လာလေသည်။

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now