"နင်တို့အဲ့လိုမပြောနဲ့ ကိုကိုချောချောက ပြုံးလိုက်ရင် နင်တို့ထက်သာတယ်
ဟွန့်!"

"ဟုတ်တယ် ငါတို့ကတော့ကိုကိုချောချောကိုချစ်တယ်"

"မှန်တယ်"

"အင်း အဲ့တာဆိုလည်း အဲ့လိုလုပ်ကြတာပေါ့"

****
နေ့လည်ဘက်မှာ မိန်းကလေးတွေတစ်သိုက်က ရွာသူကြီးအိမ်မှာထိုင်နေ
တဲ့မြို့အုပ်ဝမ်နားကိုသွားကြသည် သူတို့လေးတွေကအသက်က အကြီးဆုံးဆို9နှစ်သာရှိသေးတယ်မိန်းကလေး5ယောက်ပါ။

"ကိုကိုချောချော..."

"အင်း"

"ကိုကိုချောချော ညကြရင်လေ မီးမီးတို့ကိုပြဇာတ်လုပ်ပြပါလားဟင်"

"ဘာပြဇာတ်လဲ"

"ခေါင်းစွပ်နီကောင်မလေးထဲက ဝံပုလွေကြီးလုပ်ပေးပါနော်"

"ဝံပုလွေလား"

"အင်း ကိုကြီးကျန့်ကခေါင်းစွပ်နီကောင်မလေးလုပ်မှာတဲ့"

"အင်း လုပ်မယ်"

"ရေး!! အဲ့တာကြောင့် ကိုကိုချောချောကိုချစ်တာ "

"တာ့တာ ကိုကိုချောချော"

"အင်း"

ယောက်ျားလေးတွေကတော့ ချန်လျိုးကိုသွားပြောတယ် သူကလည်းလက်ခံတယ် ဘာခက်မှာလဲပုံပြင်လေးပြောရမှာကို။

ရှောင်ကျန့်မားကလည်း
လက်ဆောင်တွေထည့်နေတာအထုတ်တွေဆိုခပ်များများရယ် ဟိုအိမ်က
လာပေးလိုက်ဒီအိမ်ကလာပေးလိုက်နဲ့ အများကြီးရယ် ရှောင်ကျန့်လည်းကူထည့်ပေးနေရတာရယ် ပြဇာတ်အတွက်ပြင်ဆင်ပေးနေရတာရယ်ဆိုတော့ ပင်ပန်းနေလေပြီ။ ညစာစားပွဲကိုလည်း
ရွာသူကြီးအိမ်မှာလုပ်တယ် ခြံကအကျယ်ကြီးဆိုတော့ ဆန့်တယ်လေ
ရွာထွက်လယ်ယာသီးနှံတွေ ကိုယ်တိုင်အိမ်တိုင်းမှာမွေးမြူထားသောအသား
တွေကိုချက်ပြုတ်ကျွေးမွေးတယ်။

"ကဲ မနက်ဖြန်ဆိုမားသားလေးကပြန်ရတော့မှာ မားလွမ်းရတော့မှာပဲ"

"မားကလည်း...သားကပညာသင်ဖို့သွားမှာပါဗျ "

"အေးအေး ရည်းစားမထားနဲ့နော် ပညာသင်ပြီးသွားတော့မှမားအတွက်
ချွေးမချောချောလှလှလေးရှာပေးခဲ့ကြားလား"

မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း (completed )Where stories live. Discover now