"ဟုတ်ကဲ့"လို့ပြောရင်း သစ္စာ ယောက်ျားလေးအတန်းဘက်ကို လျှောက်လာတယ်။ထို့နောက် အနောက်ဆုံး အတန်းမှာ ဘယ်သူမှ မရှိသောကြောင့် ဝင်ထိုင်လိုက်သည်။
သစ္စာရဲ့ အရှေ့တန်းမှာ ထိုင်နေတဲ့ ကောင်လေးက သစ္စာဘက်ကို လှည့်ပြီး ပြုံးပြကာ "ငါ့နာမည်က ပိုင်လင်းခန့်။ မင်းလိုအပ်တာရှိရင် ပြောနော်.."
သစ္စာလည်း "Imm ပြောမယ်လေ"လို့ ပြန်ပြောပြီး စာသင်နေတာကို အာရုံစိုက်နားထောင်နေလိုက်တယ်။
ပိုင်လင်းလည်း မိမိအား ပြုံးတောင်မပြုံးပြသူကြောင့် အားမလိုအားမရ ပြန်လှည့်လာရင်း
"တကယ်ချေတာဘဲ။ ပြုံးတောင် မပြုံးဘူး"
တစ်ယောက်တည်းရေရွတ်နေတော့ ဘေးက စစ်မင်းသူက
"မင်းကို ပြောသားဘဲ ချက်ချင်း သွားမရောနဲ့ဦးလို့"
"ငါက ဒီတိုင်း မိတ်ဖွဲ့တာပါ"
"ငါသိပါတယ် ဒါပေမယ့် သူက အခုမှရောက်တာလေကွာ။ ခဏနောလိုက်ပါဦး နေ့ခင်းကျမှ သူ့ကို ကန်တင်းသွားဖို့ ခေါ်ရင်းနဲ့ မိတ်ဖွဲ့မယ်ကွာ ဟုတ်ပြီလား"
"Omm ပြီးရော အာ့ဆို"
သူ့အရှေ့မှာ တိုးတိုး တိုးတိုးနဲ့ စကားများနေတဲ့ နှစ်ကောင်ကြောင့် စာထဲအာရုံစိုက်လို့မရတော့။ အဒါနဲ့ အတန်းထွက်ပေါက်နားမှာ ရှိတဲ့ ပြတင်းပေါက်ကနေ အပြင်ကို ငေးနေရင်းနဲ့ သစ္စာရဲ့ အမြင်အာရုံကို တစ်စုံတစ်ခုက စိုးမိုးလာလေသည်။
အတန်းအပြင်တွင် ရပ်နေသူတစ်ယောက် ဘေးတစ်စောင်းအိတ်နဲ့ ထိုလူသား အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ ထိုလူသားအား သစ္စာငေးနေမိတယ်
အဲ့လူသားက ဆရာအလစ်ကို ကြည့်ကာ အတန်းထဲဝင်လာရင်း သစ္စာဆီသို့လာကာ
"ဟိတ်...ဟိုဘက်နဲနဲတိုးပေးပါလား"
သစ္စာနဲနဲတော့ ဘဝင်မကျမိပေ။သူ့ဟာသူအတန်းချိန်လည်း နောက်ကျသေးတယ် မိမိကိုလာပြီး နေရာရွှေ့ခိုင်းတယ်။ ဘယ်လောက်ပင် ဘဝင်မကျဘူးလို့ တွေးနေပေမယ့် ခန္ဓာကိုယ်ကတော့ auto ထိုလူသားအတွက်နေရာဖယ်ပေးပြီးနှင့်ပြီဖြစ်တယ်...
နေရာရသွားတော့ ပြုံးပြီး သစ္စာဘေးတွင်ဝင်ထိုင်လေသည်။
သစ္စာ မိမိဘေးတွင် ထိုင်နေသော ထိုလူကို တချက်တချက် ကြည့်မိတယ်...။ 'သေချာကြည့်တော့လည်း တော်တော်တော့ ချောသားဘဲ ခုနတုန်းက ပြုံးလိုက်တော့ ပါးချိုင့်က ထင်းနေတာဘဲ'
'ဟမ်..ငါဘာတွေတွေးနေမိတာလဲ အခုမှတွေ့တဲ့လူကို ဘာလို့အဲ့လောက် အကောင်းမြင်မိတာပါလိမ့် စိတ်ညစ်လိုက်တာ...ဟူး...'
ခွန်းဆက်တစ်ယောက် သူ့ဘေးတွင် သက်ပြင်းချနေသောကောင်လေးကို ကြည့်မိသည်။ သူဒီအတန်းလတိုင်း ထိုကောင်လေးကို မမြင်ဖူးပေ။ ထိုကောင်လေးဆီက ပန်းရနံ့ကဲ့သို့သော အနံ့သင်းသင်းလေးကို သူသဘောကျမိသည်။ ဘာဘဲဖြစ်ဖြစ် သူ့ဘက်ကဘဲ စကားစလိုက်လေတယ်
"ဟိတ်...မင်းကို အရင်က မတွေ့ဖူးဘူးနော် အတန်းသား အသစ်လား"
"Omm ဒီနေ့မှ စတက်တာ"
"Aww...နာမည်ဘယ်လိုခေါ်လဲ"
"ဘာလုပ်ဖို့လဲ"
"သိချင်လို့လေကွာ ပြောပြလို့မရဘူးလား"
"ခုနတုန်းက တစ်တန်းလုံးရှေ့မှာ ပြောပြီးပြီ"
"အဲ့တုန်းက ငါမှ မရှိတာ"
"ကိုယ့်ဟာကို နောက်ကျတာလေ။ စာသင်နေတယ် စကားမပြောနဲ့ကွာ"
"နာမည်လေး မေးတာကို"
"မမေးနဲ့"
"ငါ့နာမည်က ခွန်းဆက်မဟာ။ အများကတော့ ခွန်းဆက်လို့ခေါ်တယ်။ ငါ့သူငယ်ချင်းတွေကတော့ Leoလို့ခေါ်တယ်"
"မေးမိလား"
သူ့အား ဘုကလန့်ပြန်ဖြေနေသော ကောင်လေးအား ခွန်းဆက် သဘောကျရယ်မောရင်းနဲ့
"မမေးလည်း ဖြေပါတယ်ဗျာ ဒီက ကိုယ်တော်လို့ မချေတတ်ဘူးလေ"
"ချေတာ မဟုတ်ဘူး။စာသင်နေတာကို အာရုံစိုက်လို့မရလို့"
"ဟုတ်ပါပြီဗျာ မမေးတော့ပါဘူး"
ခွန်းဆက်လည်း သူ့အား ဘာမှ ပြန်ပြောမလာသောကောင်လေးအား မနှောက်ယှက်လိုတာကြောင့် စာလည်းလိုက်မကြည့်ချင်တော့ စာအုပ်နဲ့ကွယ်ကာ ဖုန်းသုံးနေလိုက်တယ်
ခဏနေတော့ ထိုကောင်လေးဆီက အသံထွက်လာတယ်
"နွေဦးသစ္စာ"
"ဟမ်?"
"ငါ့နာမည် နွေဦးသစ္စာလို့"
"Aww ရှည်လိုက်ကာ နာမည်က"
"မင်းနာမည်ကော မရှည်လို့လား!"
"Ha!စွာလိုက်တာ"
"ချီးကိုစွာ!" သစ္စာလည်း စိတ်တိုပြီးဆဲမိသွားတယ် တစ်မျိုးပြီးတစ်မျိုး လာရစ်နေတဲ့ ကျက်သတုံးကောင်။
"စိတ်ကြီးလိုက်တာ" ခွန်းဆက်ရယ်မိသည်။ သူ့အားစိတ်မရှည်တဲ့ကောင်လေးအား သူစချင်တယ်
"နာမည်ရှည်ရင် သူငယ်ချင်းတွေခေါ်သလို့ သစ္စာလို့ခေါ်"
"မခေါ်ချင်ဘူး"
"အေ မခေါ်ချင်ရင် လာမမေးနဲ့" တကယ်ပါ ကျောင်းစတက်တဲ့နေ့မှာတင် အကုသိုလ်ကောင်နဲ့လာတွေ့နေတယ်။
"နွေဦး လို့ခေါ်မယ်"
________________________________________
AN : ပထမဆုံးရေးဖူးတာပါ။
လိုအပ်ချက်များရှိနေခဲ့ရင် နားလည်ပေးပါနော် အကောင်းဆုံးကြိုးစားသွားပါ့မယ်.....💜🧸
YOU ARE READING
"လေပြေအေး နှင့် မိုးတိမ်ပြာ"
Romance"အချစ်ဆိုတာ ကောင်းကင်က တိမ်တိုက်တွေလိုဘဲ ပိုင်ဆိုင်ခွင့်မရလည်း ငေးကြည့်နေရရုံနဲ့တင် ပြည့်စုံပါတယ်" နွေဦးသစ္စာ~ "ဟူး.....ငါ့ဘဝမှာ ဘာကိုမှ စိတ်ရှည်လေ့မရှိပေမယ့် မင်းကတော့ ချွင်းချက် ဖြစ်လာတော့မယ်ထင်တယ်....." ခွန်းဆက်မဟာ~ "အခ်စ္ဆိုတာ ကောင်းကင...
{Part 1}~Unicode~
Start from the beginning
