သစ္စာရေချိုးပြီးနောက် uniသွားရန် ပြင်ဆင်ရင်း ကိုယ့်ကို မှန်မှာကြည့်မိ၏။ သစ္စာက ပိန်သည်။အရပ်က 5'8"ခန့်ရှိသည်။အသားညိုပေမယ့် အရမ်းညိုသည်တော့မဟုတ်။ မျက်မှန်းအဝိုင်းလေးတပ်လေ့ရှိပြီး ရယ်လိုက်လျှင် သွားထပ်လေးက အထင်းသားဖြစ်နေသည်။ဒါပေမယ့် သစ္စာသည် အပြင်တွင် အရယ်အပြုံးနည်းတယ်....အနေလည်းအေးတယ် ကိုယ်မသိတဲ့ သူနဲ့စကားမပြောပေ။ အများက သူ့ကိုချေတယ်လို့ ထင်ကြပေမယ့် တကယ်တမ်းက သစ္စာက အရမ်းခင်ဖို့ကောင်းပြီး အသက် (၂၁)လို့မထင်ရအောင် ကလေးဆန်သည်။ သို့သော် သစ္စာအခုလို အေးတိအေးစက် ဖြစ်သွားရသည်မှာ သူ့ရဲ့ အတိတ်က လူတစ်ယောက်ကြောင့်သာဖြစ်သည်။ အဲ့ဒီလူက သစ္စာကို အရာရာအားလုံးပြောင်းလဲသွားစေသည်။သစ္စာ Gayတစ်ယောက်ဖြစ်သွားရသည်မှာလည်း အဲ့ဒီလူကြောင့်ပင်ဖြစ်သည်။ သစ္စာက Gayဆိုတာကို သူ့သူငယ်ချင်းအချို့မှလွဲ၍ တခြားသူမသိကြပေ။ သစ္စာ လူတွေကို အယုံအကြည်မရှိလို့ ထုတ်မပြောတာဆိုရသ် ပိုမှန်လိမ့်မည်။ သစ္စာ မှန်ရှေ့တွင် အတွေးနယ်ချဲ့နေရာ ရပ်လိုက်ပြီး "ခုချိန်မှာ ခင်ဗျားသိခဲ့တဲ့ သစ္စာမဟုတ်တော့ဘူး။" လို့ပြောရင်း အောက်ဆင်းလာလေသည်။
အောက်ထပ်မှာ မေမေနဲ့အတူ breakfastစားပြီး မေမေ့ရဲ့ အမှာစကားတွေကိုနားထောင်ကာ သစ္စာ uniသို့ ထွက်လာခဲ့သည်။
Uniရောက်တော့...
Professorနဲ့ မေမေက အဆက်အသွယ်လုပ်ထားပြီးသားမို့ professorက သစ္စာ တက်ရမယ့် အတန်းကို ခေါ်သွားတယ်။ အတန်းထဲရောက်တော့ အတန်းချိန်ကား စနေပြီဖြစ်တယ်...
professorဝင်လာတော့ သင်ကြားနေတဲ့ဆရာမကလည်း သင်နေတာကို ရပ်ပြီးနောက်
"အတန်းသား အသစ်လာမယ်ဆိုတာ သူလား"
"ဟုတ်တယ် ဆရာမ"
"ကဲ..သား။ဒါမင်းတက်ရမယ့် အတန်းဘဲ" လို့ပြောပြီး ဆရာမဆီ သစ္စာကို အပ်ခဲ့ပြီး professorထွက်သွားလေသည်။
"သား..မင်းနာမည်လေး မိတ်ဆက်ပေးလိုက်ပါဦး သူငယ်ချင်းတွေကို"
"ဟုတ်ကဲ့ ကျွန်တော့်နာမည် နွေဦးသစ္စာပါ။"လို့ သစ္စာ ရုပ်တည်နဲ့သာပြောလိုက်တယ်။
"Wow..စကားပြောပြတ်လိုက်တာ"
"ချောတော့ ချောသားဘဲဟ" မိန်းကလေးတွေဘက်မှ အသံတွေထွက်လာလေသည်။
"ကဲ ဒါမင်းတို့ အတန်းဖော်အသစ်ဘဲ လိုအပ်တာရှိရင် အကူအညီပေးလိုက်ပါ။သွား..သား လွတ်တဲ့နေရာထိုင်လိုက်"
YOU ARE READING
"လေပြေအေး နှင့် မိုးတိမ်ပြာ"
Romance"အချစ်ဆိုတာ ကောင်းကင်က တိမ်တိုက်တွေလိုဘဲ ပိုင်ဆိုင်ခွင့်မရလည်း ငေးကြည့်နေရရုံနဲ့တင် ပြည့်စုံပါတယ်" နွေဦးသစ္စာ~ "ဟူး.....ငါ့ဘဝမှာ ဘာကိုမှ စိတ်ရှည်လေ့မရှိပေမယ့် မင်းကတော့ ချွင်းချက် ဖြစ်လာတော့မယ်ထင်တယ်....." ခွန်းဆက်မဟာ~ "အခ်စ္ဆိုတာ ကောင်းကင...
{Part 1}~Unicode~
Start from the beginning
