>>>>>

ထိုနေ့ သတင်းသမားများ၏ အမေးနှင့် ရှောင်းကျန့်၏အဖြေများဟာ....

" Yan သတင်းဌာနအခုလိုတေဖြစ်ရတာ Mr.Xiaoနဲ့တိုက်ရိုက်ပတ်သတ်နေတယ်လို့သတင်းထွက်နေပါတယ် အဲ့တာကိုMr.Xiaoအနေနဲ့ဘာများပြောချင်ပါသလဲ "

" ငြင်းစရာမရှိပါဘူး အစကတည်းက အကြွေးပတ်လည်ဝိုင်းနေတော့ ကျုပ်ခင်ပွန်းကို သပုတ်လေလွင့်စကားတွေနဲ့ ရှုံ့ချလို့ သောက်မြင်ကပ်လို့ Lessonပါးပါးပေးလိုက်ယုံပဲ သူချေးထားသမျှအကြွေးတွေက ဘီလီယံချီတယ်လေ နောက်ဆို ကျုပ်ပိုင်တဲ့ကျုပ်အပိုင်ကို မဟုတ်တရုတ်သတင်းရေးဖို့နေနေသာသာ မျက်လုံးနဲ့ ကြာကြာကြည့်ရင်တောင် ကျုပ်ဆိုတဲ့ကောင်နဲ့ထိပ်တိုက်ရင်ဆိုင်ဖို့အရင်တွေးထား "

" ဟုတ် ဟို နောက်တစ်ခုက ဝမ်ရိပေါ်ကိုမချစ်ပဲလက်ထက်လိုက်ရတယ်ဆိုတာဟုတ်ပါသလားရှင့် "

" ကျုပ်ထင်တာတော့ အဲ့တာခင်ဗျားတို့နဲ့သက်ဆိုင်တဲ့မေးခွန်းမဟုတ်ဘူး သူများကိုယ်ရေးကိုယ်တာကိုဝင်စွက်ဖက်တာကျုပ်မကြိုက်ဘူး "

ချက်ချင်းခေါင်းငုံ့သွားသည့် သတင်းသမားကောင်မလေးအား ရှောင်းကျန့်မျက်မှောင်ကြုံ့ကြည့်ကာ

" ကျုပ်ကိုမေးစရာမရှိရင်ပြန်တော့ ဝမ်ရိပေါ်အိပ်နေတယ် ညကကျုပ်ကြောင့်တစ်ညလုံးမအိပ်ရသေးဘူး ခင်ဗျားတို့လူလိုနားလည်တယ်ဆို ပြန်လိုက်တော့ "

ချက်ချင်းလက်ငင်းဆိုသလို အသီးသီးပြန်သွားသောသတင်းသမားများနှင့် ခြံတံခါးအား အားနှင့်ဆောင့်ပိတ်လိုက်ပြီး တံခါးနှစ်ခုရိုက်သံဒုန်းဟုမြည်တော့မည့်အချိန်မှ ဖမ်းကာ အသာအယာပိတ်လိုက်သည်။ဝမ်ရိပေါ်အိပ်နေသည်မို့ နိုးသွားမည်စိုး၍ထိုလိုလုပ်မိသည်ကို သူကိုယ်တိုင်ပင်သတိမထားမိလိုက်ပေ။

>>>>>

" ဟောက်ရွှမ်း မသွားရဘူးတဲ့ "

" ဘယ်သူကလဲ "

" ရှောင်းကျန့်က "

" မင်းကသူမသွားနဲ့ဆိုလို့မသွားတော့ဘူးပေါ့ "

" သူဒေါသထွက်နေတယ် "

" အေးပါ အေးပါ "

ဟောက်ရွှမ်းသူ့အခန်းထဲပြန်ဝင်သွားမှရိပေါ်သက်ပြင်းချမိသည်။ရှောင်းကျန့်သူ့ကိုသဝန်တိုနေသည်ဟု တစ်ဖက်သတ်ဆန်စွာမတွေးချင်သည်မို့ သူများနဲ့သွားရင် သူတို့ဂုဏ်သိက္ခာထိခိုက်မည်စိုးသည်မို့ဟူ၍သာတွေးလိုက်မိသည်။အမှန်အတိုင်းပြောရလျှင် ရှောင်းကျန့်သည် သူ့အားမုန်းနေသည်ဆိုပေမဲ့ သူရှောင်းကျန့်အားတစ်ခါမျှပင်မမုန်းခဲ့ဘူးပါ။

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now