ဟု ငြင်းရင်း ရိုး ခေါင်းတွင်တွင်ခါကာ သမီးလေးကိုတင်းကျပ်
စွာပွေ့ထားလိုက်လေ၏။

သမီးလေးရေ ဆယ်ကျော်သက်ဖေဖေ ရန်က ကာကွယ်ပေး
ပါဦး။

"အပြင်မှာဘယ်သူရှိလဲ အခုချက်ချင်းဝင်လာခဲ့!"

အမိန့်ရဲ့ အသံမာမာခပ်ပြတ်ပြတ်အသံကြောင့် ဒေါ်လေးနွယ်
က ခပ်သုတ်သုတ်လေး အခန်းထဲဝင်လာသလို အနောက်မှာ
အိမ်ဖော်မိန်းကလေးနှစ်ယောက်ပါ ကပ်ပါလာလေ၏။

"ဘာများခိုင်းစရာရှိလို့လဲ"

"ကလေးကိုခေါ်သွား"

"ရှင်!"

"ငါပြောတာမကြားရအောင် နားကန်းနေကြတာလား!ကလေးကို ခေါ်သွား...နို့သွားတိုက်လိုက်"

အမလေး...လိပ်ပြာတွေပျံပြီး အသည်းတွေကြွေသွားသလား
မှတ်ရအောင် အမိန့်ရဲ့ အာဏာစက်ကပြင်းလွန်းလိုက်တာ
များ...အတူနေရမဲ့ သခွပ်ပန်းလေးအတွက်တော့ မတွေးရဲ
စရာပင်။

ဒေါ်လေးနွယ် ကစိတ်ထဲတွေးတော ရင်တုန်နေရင်းမှ ရိုးရဲ့
လက်ထဲက သမီးလေးကို ကပြာကယာပွေ့ချီ လှမ်းယူလိုက်
လေသည်။

အမြန်မယူရင်လည်း နောက်တခါအော်ရင်ဖြင့် တကယ်နှလုံး
ရောဂါရပြီးသေနိင်လေသည်။

"ဟေ့...ဒါဘယ်လဲ၊ ပြန်လာခဲ့စမ်း"

ဒေါ်လေးနွယ်တို့နဲ့ အတူလိုက်သွားမဲ့ ရိုးရဲ့လက်ကို ပြန်ဆောင့်ဆွဲကာ သူ့ရင်ဘတ်နဲ့နီးသထက်နီးတာထက်ပို
အောင်ကပ်ထားရင်း ဒေါ်လေးနွယ်တို့ဘက်ကို စိုက်ကြည့်၍..

"မထွက်သွားကြသေးပဲ...ဘာလုပ်နေကြတာလဲ"

"ဟုတ်...ဟုတ်ကဲ့"

"ဒေါ်လေးနွယ်....ရိုးကိုခေါ်သွားပါနော်..ဟင့်"

ဟု အသံညင်သာ တိုးဖွစွာဖြင့် ရိုးမျက်ရည်ဝိုင်းလေးတွေနဲ့
ပြောလိုက်ပေမဲ့ ဒေါ်လေးနွယ်မှာ သနားမိပေမဲ့မတတ်နိင်၊
အချိန်တစ်ခုထိပဲ စောင့်ပါရိုးရယ်...ဒေါ်လေးနွယ်နဲ့အတူရွာ
ကိုပြန်မဲ့အချိန်ထိလေးပါပဲ။

"မသွားသေးဘူးလား...တောက်!"

"သွားပါပြီရှင့်"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now