"သိတယ်လေ...ဒီဆိုင်မှာမဝယ်ချင်လို့ နောက်တစ်ဆိုင်သွားမှာပေါ့..."

ရှောင်းကျန့်ရဲ့အပြောကြောင့် ရိပေါ်မှာမျက်စောင်းလေးထိုးကာ ပွစိပွစိနဲ့
ရှောင်းကျန့်အဲ့ပွစိပွစိပြောနေတဲ့ နှုတ်ခမ်းလေးကိုဆွဲယူပြီးနမ်းလိုက်တယ်

ရိပေါ် မျက်နှာလေရဲတက်လာကာ အရှေ့ကိုပြေးထွက်သွားတာမို့ ရှောင်းကျန့်မှာ မှီအောင်လိုက်ပြီး လက်ကလေးကိုလှမ်းတွဲလိုက်သည်

"လာ လာ ကလေးတို့..ဘာယူမလဲကြည့်နော်..."

ရှောင်းကျန့် အသက်ကြီးကြီးအမျိုးသမီးနှစ်ယောက်ရှိတဲ့ဆိုင်ကိုတမင်ဝင်လိုက်ခြင်းပင်

"ကျွန်တော်တို့ကို coupleအင်္ကျီလေးပြပေးပါဗျ..."

ရှောင်းကျန့်ရဲ့အပြောကြောင့် ထိုအမျိုးသမီးမှာ ပြုံးကာအထည်တွေကိုယူလာပြလိုက်တယ်

"ကလေးတို့က စုံတွဲတွေလား..."

ဆိုင်ရှင်အန်တီကြီးရဲ့ အမေးကြောင့် ရှောင်းကျန့်ရောရိပေါ်ရော တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်လိုက်ကြတယ်

"ကျွန်တော်တို့ကလက်ထပ်ပြီးပြီဗျ..."

"ဟယ်...ချစ်စရာလေး...ကလေးတို့ကလိုက်ဖက်လိုက်တာ...နတ်ဖက်တဲ့စုံတွဲလေးပဲ.."

ဆိုင်ရှင်အမျိုးသမီးနှစ်ယောက်ရဲ့အပြောကြောင့် ရှောင်းကျန့်​ပေျာ်မိသွားတာတော့အမှန် ဘယ်သူမဆို ကိုယ်ချစ်တဲ့သူနဲ့လိုက်ဖက်တယ်ပြောရင် ပျော်တာကတော့သဘာဝပဲမို့လား

"ကျေးဇူးပါဗျ..."

ရှောင်းကျန့်ရောရိပေါ်ပါ ခေါင်းငုံ့ပြီးအရိုအသေပြုလိုက်တယ်
ဆိုင်ရှင်အမျိုးသမီးနှစ်ယောက်လဲ တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ထားကာ

"ပတ်ဝန်းကျင်နဲ့တိုက်ခိုက်ခဲ့ရမှာပဲနော်...အန်တီတို့လဲလက်ထပ်ထားတာကြာပါပြီ..ဒါတွေကိုအန်တီနားလည်ပါတယ်ကွယ်..."

ထိုအမျိုးသမီးရဲ့စကားကြောင့် ရှောင်းကျန့်
ပြုံးလို်က်ပြီး
ရိပေါ်ရဲ့လက်ကိုဆုပ်ကိုင်ထားရင်း

"အချစ်စစ်နဲ့သာဆို အရာရာကိုကျော်ဖြတ်နိုင်တယ်လေ ဟုတ်တယ်မို့လားအန်တီ..."

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now