အပိုင်း(3)💨

Start from the beginning
                                    

"......."

"ဟာ...မျက်နှာလေးတောင်တစ်ကယ် မပြတော့ဘူးပေါ့။ ရ​တယ်လေ မခေါ်လဲနေပေါ့ ဝယ်လာတဲ့လက်ဆောင်မပေးတော့ဘူး ကွာ "

ဘယ်လိုပြောပြော ဖွင့်မလား။ ကောင်လေး သူ့ကိုတစ်ကယ်စိတ်ဆိုးနေပြီ။ ဓန အစလွန်ပြီးအကြံရကြပ်သွားသည် ။

"အားး နာလိုက်တာဗိုက်က နာလိုက်တာ မေမေရေ!! "

ကိုကိုရဲ့ စူးနစ်တဲ့အသံကြောင့်သက်ပိုင်လေးလန့်သွားကာအတင်းကျုံးထလာသည်။

"ကိုကို !! ဘာဖြစ်လို့လဲ ဘာဖြစ်သွားတာလဲ "

"ဟားဟားဟား ဒါဖြစ်တာ ဒါဖြစ်တာ "

စောင်ဖယ်လိုက်တဲ့ ညီလေးကိုအတင်းကလိ လိုက်ထိုးတော့ညီလေးက ဗြောင်းဆန်အောင်ရူန်းတော့သည်။

"အား အ့ ယားတယ်မလုပ်နဲ့ မေမေရေ သားကို ကိုကို အနိုင်ကျင့် ပြန်ပြီမေမေရေ သားကိုအနိုင်ကျင့်နေပါတယ်ဗျို့!! "

ညီလေးက အရင်ကနဲ့မတူထွားလာသည်။ အသားတွေကဖြူ၀င်းနေကာ မျက်လုံး၀ိုင်းလေးတွေကသူ့ကိုပိုထင်ပေါ်စေသည်။ ခပ်အုပ်အုပ်ဆံပင်နက်လေးတွေက ချစ်စဖွယ်အတိပါ။ သူ ညီလေးကို ပေါင်ပေါ်ဆွဲပွေ့လိုက်ကာ မေးစေ့လေးကိုင်၍မေးလိုက်သည်။

"ကိုကို ကိုစိတ်ဆိုးနေသေးလား "

"အွန်း...နည်းနည်း"

"စိတ်မဆိုးနဲ့တော့နော်ဒီမှာ ကိုကိုလက်ဆောင်"

ဓန ပေးတဲ့ နာရီဗူးလေးကိုကြည့်ကာ သက်ပိုင် မျက်လုံးများတောက်ပသွားသည်။ ဓန မေမေပေးသမျှမုန့်ဖိုးကိုစုပြီသူ့ညီ​လေးအတွက် G.shork နာရီလေးရအောင်၀ယ်ခဲ့သည်။  လက်မှာပတ်ပေးတော့သဘောတွေကျပြီးရယ်နေတာမရပ်တဲ့ ညီလေးကြောင့် သူပေးရကျိုးနှပ်ရပါသည်။

ရယ်သံလေးတွေပြောက်ဆုံးနေတဲ့အိမ်လေးထဲသူရှိမှရယ်သံတွေလွှမ်းမိုးကာအသက်ဝင်လာသည် ။ညီလေးရယ်မေမေရယ် သူနဲ့အတူမုန့်ဖုတ်ကြရင်း အော်ဟစ်ဆူညံသံတွေက သူတို့ဘ၀လေးအတွက် နောက်ဆုံးနေရက်မှန်း ဘယ်သူမှမသိခဲ့။ သူလဲကြို၍သာသိခဲ့လျှင်

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now