*ကျွီ*

"ရောက်ပြီ"

ရင်းနှီးသောအသံကြောင့်ရှောင်ကျန့်ရောမြို့အုပ်ဝမ်ပါလှည့်ကြည့်လိုက်
တော့ချန်လျိုးပင်။

"ဝါး...ချန်လျိုးကကောပထမတန်းစားဝယ်စီးလိုက်တာလားဟင်"

"အင်း ကျန့်ကျန့်ကပထမတန်းစားဘက်ကိုသွားတာမြင်လိုက်လို့ကိုယ်လည်း
လက်မှတ်ဝယ်လိုက်တာ"

"အော်...ပစ္စည်းတွေကလည်းအများကြီးပဲ "

"ဟုတ်တယ် ကျန့်ကျန့်လေးမားမားကဘာကြိုက်တတ်မှန်းမသိလို့အဲ့တာ
လူကြီးတွေကြိုက်လောက်မဲ့ဟာတွေဝယ်လာလိုက်တာ"

"မလုပ်ပါနဲ့အားနာစရာကြီး"

"ကိုယ့်စီမှာတစ်ပုံကြီး အိမ်ကမားကတောင်ထည့်ပေးလိုက်တာသူငယ်ချင်း
အမေအိမ်သွားတာလက်ဆောင်ယူသွားဆိုလို့လေ"

"အဲ့တာဆိုလည်းချန်လျိုးရဲ့မားကိုကျေးဇူးတင်ပါတယ်လို့ကျန့်ကျန့်ကပြော
တယ်လို့"

"ရပါတယ်ကျန့်ကျန့်ရယ် ...ချစ်ဖို့ကောင်းလိုက်တာ"

"ဟီး.."

ချန်လျိုးကရှောင်ကျန့်ခေါင်းလေးကိုလက်လေးနဲ့အသာလေးဖွကာ ပြုံးလိုက်သည် ထိုထဲမှာတော့အရိပ်အယောင်မကောင်းပေ။

"ရုတ်တရက်ကြီးအေးလာတယ်နော်"

"အင်း"

"ရထားထွက်တော့မှာ ထိုင်ကြတော့"

"ဟုတ်ကဲ့"

ပထမတန်းစားဘက်မှာသူတို့သုံးယောက်ရယ်မြို့အုပ်အိမ်တော်ကအစေခံကောင်လေးနှစ်ယောက်ရယ် ပါးရဲ့လူယုံတော်တစ်ဖြစ်လီရှင်းရယ်ပဲရှိတာကြောင့်ရယ် အိမ်ယာလိုမျိုး
ပဲဆိုဖာတွေပဲခင်းထားတာ အခြားအတန်းတွေလိုမျိုးခင်းထားတာမဟုတ်ဘူး
အဲ့တော့ကိုယ့်ဘာသာကိုယ်ကြိုက်တဲ့နေရာတောင်ဝင်ထိုင်လို့ရသေးတယ်။

"ယူသွားလိုက်တဲ့လက်ဆောင်တွေကလည်းဟိုမှာပြန်ရောင်းဖို့တောင်ဖြစ်နေ
ပြီ"

မြို့အုပ်ဝမ်ဟာမကျေမနပ်ပြောရင်းနဲ့ပြတင်းပေါက်ကိုကြည့်လိုက်သည် လီရှင်းကတော့ကြိတ်ရီနေရှာတယ် လီရှင်းကိုတော့တစ်လောကမှလူယုံတော်
ဖြစ်သွားတာကြောင့်ရှောင်ကျန့်နဲ့တော့သိပ်မရင်းနှီးပါဒါပေမဲ့လည်း ရှောင်ကျန့်လေးက
ခင်မင်တတ်တယ် စကားပြောရတာလဲကိုယ့်ညီလေးတစ်ယောက်လိုပဲ။

မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း (completed )Where stories live. Discover now