“သေရမယ်”

ယန်ချီက သေရမယ်ဆိုတဲ့ စကားကိုသာ ပြောလိုက်ပေမယ့်လည်း အဲ့ဒီ စကားလုံးထဲမှာ သတ်ဖြတ်ခြင်းအရှိန်အဝါတွေ ပြည့်နှက်နေခဲ့တယ်။

“ဘာ . . ဘာ . .”

ဒီစကားကို ကြားတော့ ယန်မျိုးနွယ်မဟာအကြီးအကဲ တစ်ယောက် မှင်သက်သွားခဲ့တယ်။

သူနဲ့ ရင်ဆိုင်နေရတာတောင် ဒီလူငယ်က ဒီစကားမျိုးပြောရဲသေးတယ်ပေါ့။

သူ့ရဲ့ နားနဲ့သာ ကြားခဲ့တာ မဟုတ်ရင် သူ့အနေနဲ့ ယုံကြည်မှာ မဟုတ်ပါဘူး။

“မင်းရဲ့ နောက်ခံက ဘာလဲ”

ယန်မျိုးနွယ်မဟာအကြီးအကဲက အရူးတစ်ယောက်တော့ မဟုတ်ပါဘူး။ သူက ယန်ချီကို ဒီလို မောက်မာရဲတယ် ဆိုကတည်းက အစွမ်းထက်တဲ့ နောက်ခံတစ်ခုခု ရှိနိုင်ကြောင်းတွေးမိလိုက်လို့ပါ။

“ငါ့မှာ ဘာနောက်ခံမှာ မရှိဘူး”

ယန်ချီက ခေါင်းခါပြီး ပြောလိုက်တယ်။

လျူဖန်စားသောက်ဆိုင်ထဲက လူတိုင်းကတော့ ဒီစကားတွေကို ကြာပြီးနောက် တစ်ယောက်ကိုတစ်ယောက် မယုံနိုင်စွာနဲ့ ကြည့်လိုက်ကြတယ်။

ယန်ချီရဲ့ စကားကို ကြားပြီးနောက် ယန်မျိုးနွယ် မဟာအကြီးအကဲရဲ့ အမူအယာက သုန်မှုန်သွားခဲ့တယ်။

“ငါ မင်းကို သတိပေးပြီးပြီး မင်းဘာသာမင်း ဖင် မနိုင်ပဲ ပဲကြီးဟင်း စားတာပဲ”

ယန်မျိုးနွယ်မဟာအကြီးအကဲက ယန်ချီကို ကျယ်လောင်စွာနဲ့ ပြောလိုက်တယ်။

ယန်ချီလည်း ခေါင်းခါပြီး ပြန်ပြောလိုက်တယ်။

“ငါကဖင်မနိုင်ပဲ ပဲကြီးဟင်းစားတာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငါက ပဲဟင်း မကြိုက်လို့ပဲ”

ယန်မျိုးနွယ်မဟာအကြီးအကဲကတော့ ဒီစကားတွေကို ကြားပြီးနောက် ဒေါသတကြီး ဖြစ်သွားခဲ့တယ်။

သူ့အနေနဲ့ ဒီအချိန်က သူ့တသက်တာမှာ ဒေါသအထွက်ဆုံး ဆိုတာ ကျိန်ဆိုရဲပါတယ်။

“ကောင်လေး မင်း သေချင်နေတာပဲ”

ယန်မျိုးနွယ်မဟာအကြီးအကဲက ဟိန်းဟောက်ပြီး ပြောလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now