' မား ရှောင်းကျန့်ကသားကိုမုန်းနေတယ် မား '

' တစ်နေ့နေ့တော့ချစ်လာမှာပါ သားအရမ်းဝမ်းမနည်းနဲ့ '

' သားသူ့ကိုမချစ်ပါဘူး သူမချစ်လည်းရပါတယ် သူမုန်းတာသားမနေတတ်လို့ပြောတာပဲရှိတာပါနော် '

' အမလေးတော့အေးပါအေးပါ '

' မားနေကောင်းလား ပါးရော '

' မားမားရောပါးပါးရောနေကောင်းတယ် '

' ဟုတ်အဲ့တာဆို သားဖုန်းချတော့မယ် '

ရိပေါ်ဖုန်းအားချလိုက်ပြီးသည်နှင့် ရေချိုးရန်ပြင်ဆင်နေစဉ် ‌အိမ်တော်ထိန်းဒေါ်လေးလီ၏ဧည့်သည်ရောက်နေတယ် ဟူသည့်စကားကြောင့် အိမ်အောက်သို့ဆင်းရန်သာပြင်လိုက်တော့သည်။

" ဒေါ်လေးလီ ဘယ်သူရောက် အယ် ဟောက်ရွှမ်း "

" ရိပေါ် "

ရိပေါ်ဟောက်ရွှမ်းအားတွေ့သည်နှင့်အားကိုးရသွားသည့်နှယ်ပြေး၍ဖတ်လိုက်လေသည်။

" အမယ် မင်းငါ့ကိုလွမ်းနေတာပေါ့ဟုတ်လား "

" ငါမင်းကိုအများကြီးရင်ဖွင့်စရာရှိတယ် "

ရိပေါ်ဟောက်ရွှမ်းအား သူ၏အိပ်ခန်းသို့ခေါ်ကာရှောင်းကျန့်နှင့်သူလက်ထက်ဖြစ်၍ ရှောင်းကျန့်သူ့ကိုဘယ်လိုတွေဆက်ဆံနေသည်ပါပြောဆိုတိုင်ပင်ဖြစ်သည်။အော်ရယ်နေသောဟောက်ရွှမ်းဘာလို့ရယ်နေလဲသူကိုယ်တိုင်ပင်မသိပါ။

" ငါက ငါခံရတာတေပြောပြနေတာကိုမင်းကရယ်နေတာက လှောင်နေတဲ့အတိုင်းပဲနော် သောက်ကောင် "

" မဟုတ်ပါဘူးကွာ တစ်ယောက်ကမုန်းတယ်ဆိုပြီးဂရုစိုက်လွန်းတယ် နောက်တစ်ယောက်ကလုပ်ရပ်တွေကိုမကြိုက်ဘူးပြောပြီး ပြုံးပြီးငါ့ကိုပြောပြနေတယ် အိုကေအိုကေ ဒီမှာငါနေမယ် လုပ်စရာလေးတွေလုပ်ပေးပြီးမှပြန်တော့မယ် "

" ရှောင်းကျန့်ကိုငါဘယ်လိုပြောရမှာလဲ "

" လုပ်စမ်းပါကွာ ငါနေရမှဖြစ်မှာ နော်ရိပေါ် "

ရိပေါ်တစ်ယောက် တကယ်ကိုအကြပ်ရိုက်နေရသည်။ရှောင်းကျန့်မကြိုက်မည်ကိုသိသောကြောင့် ပို၍တုန်လှုပ်မိသည်။

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now