" Boss ဒါလေးလက်မှတ် ... "

ကျန်းချန်တစ်ယောက်လက်မှတ်ယူရန်အရေးကြီးနေသည်မို့ စိတ်လောကာတံခါးအားမခေါက်မိပဲ ဝင်လိုက်မိသည်။မမြင်သင့်သောအခြေအနေအားမြင်လိုက်ရသည်မို့ ကျန်းချန်မျက်နှာကြီးသသည် ငရုတ်သီးအလား နီရဲနေလေသည်။

" တံခါးမခေါက်ပဲနောက်တစ်ခါဝင်မလာနဲ့ ဝမ်ရိပေါ်မရှိရင်သာတံခါးမခေါက်ပဲဝင် သူရှိနေရင် တံခါးခေါက် တစ်ချို့ကိစ္စတွေကို မင်းလိုကောင်မြင်ရင် ချက်ချင်းလင်ယူချင်စိတ်ပေါက်အောင်ထိဖြစ်စေမဆိုးလို့ "

" သောက်ကောင် ငါထွက်မယ် "

ရှောင်းကျန့်သည်ထိုလိုလူပင်ဖြစ်သည်။ပြောချင်ရာပြောသည် ၊ လုပ်ချင်ရာလုပ်သည် ၊ပြီးလျှင်သူမဟုတ်သလိုကနေတတ်သေးသည်။ဝမ်ရိပေါ်ကတော့ရှက်နေသည်မို့ ရှောင်းကျန့် coat အင်္ကျီကိုလက်နှင့်ကိုင်ကာ ရင်ခွင်ထဲဝင်နေမိသည်။ရှောင်းကျန့်သည် ရိပေါ်အား တင်ပါးမှပွေ့မလိုက်သည်။ပြီးသည်နှင့် တံခါးနားသွားကာ တံခါးအားဆွဲဖွင့်လိုက်သည်မို့ ရိပေါ်မျက်လုံးလေးများပြူးကျယ်ကုန်ရသည်။ရှောင်းကျန့်ဘာလုပ်မည်ကိုသူမသိသော်လည်း ထိုအခြေအနေကြောင့် သိပ်ကိုမျက်နှာပူနေမိသည်မှာအမှန်တကယ်ပင်ဖြစ်သည်။

" ငါ့ရုံးခန်းရှေ့တောင်ခြေမချနဲ့ ချရင်လည်း မသိစေနဲ့ သာယာမှုကိုရှာဖွေနေတဲ့အချိန် ဖျက်ဆီးတဲ့ကောင် ငါ့အဆိုးမဆိုနဲ့ "

ပြောချင်ရာပြောပြီး ပိတ်သွားသောရုံးခန်းတံခါးလေးကြောင့် လက်တစ်ခုလုံးအားကိုက်သူကတစ်စု လက်စုပ်သူကတစ်စု လက်သည်းကိုက်သူကတစ်စု ပါးစပ်အဟောင်းသားဖြစ်နေသူကတစ်စု အစုအလိုက်ခွဲကာဖြစ်နေရသည်။ထိုအထဲတွင် ပါးစပ်အားအကျယ်ဆုံးဟထားသူကကျန်းချန်ပင်ဖြစ်သည်။ရှောင်းကျန့်ယခုလောက်ထိဖြစ်နေသည်ကမုန်းသည်တဲ့လေ။သူဘာလို့မယုံမိလဲဆိုတာတော့ မေးကိုမမေးသင့်သည့်မေးခွန်းပင် သိသာလွန်းနေသည်မို့ပင်ဖြစ်သည်။

" ရှောင်းကျန့် "

" ငြိမ်ငြိမ်နေ ခင်ဗျားဆွတာ "

" ဟင် ငါဘာလုပ် အွန့် အာ့ "

နှုတ်ခမ်းအားနမ်းရှိုက်ကာ အသက်အားရှုခွင့်ပေးဖို့ပင်မေ့လျော့နေသည်ဟုထင်ရသည်။ရှောင်းကျန့်သည် သိပ်ဆိုးပါသည်။ရိပေါ်၏အင်္ကျီလေးများသည် ယခုဆို ရိပေါ်၏ခန္ဓာကိုယ်ပေါ်တွင်တောင်ရှိမနေတော့ပေ။

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now