"ဟိုဟာလေ......"
သျှားထက်က စကားထောက်လောက်တော့ အကုန်လုံးက သျှားထက်ကိုဘာလဲဆိုတဲ့အကြည့်နဲ့ ကြည့်လာကြတော့သည်။
"ကျွန်တော်က ရန်ကုန်သားပါ လေဆိပ်ကနေလဲ
သိပ်မသွားကပါဘူး အိမ်ကနှစ်ထပ်အိမ်ပါ အိမ်မှာ ကိုကြီးနဲ့ကျွန်တော်နှစ်ယောက်တည်းနေတာပါ လိုက်နေလို့ရပါတယ်ဗျ ကျွန်တော်ရှိနေသေးတာကိုမေ့နေမှာစိုးလို့ပါ ကျွန်တော့်နာမည်
သျှားထက်ပါဗျ "!ဟား...ဟား.....!
သျှားထက်ပြောအပြီးအကုန်လုံးက ရယ်လိုက်ကြတော့သည်။
"Sry ပါအကိုသျှားထက်ရာ ကျွန်တော်တို့က
နယ်က လူတွေမို့ပါ ဒါဆိုလဲ အကို့အိမ်ဘဲသွားကြတာပေါ့""ငါ့အကိုလာကြိုမှာ ခဏလေး
ဖုန်းဆက်လိုက်အုန်းမယ်""ဟုတ်"
သျှားထက်ဖုန်းဆက်ကာ ရောက်နေတဲ့နေရာနဲ့နံပါတ်ကိုသေချာပြောလိုက်တော့သည်။ခဏနေတော့ရောက်လာတဲ့အကို။
"ခင်"
"ဟင် ရတု"
"ကိုကြီးနဲ့ မမခင်က သိနေကြတာလား"
ရောက်လာတဲ့ အကိုက ညီဖြစ်သူကိုတွေ့တာထက် ပျော်ရွှင်တဲ့မျက်နှာထားနဲ့ ခင်မေမြင့်နားကို ကပ်ပါတော့သည်။
"ကိုယ်တို့မတွေ့တာကြာပြီနော်"
"အင်း ဟုတ်ပါ့နော်"
"ကိုကြီး တို့က သိနေကြတာလားလို့
ကျွန်တော်မေးနေတယ်လေ""အင်း ရည်းစားဟောင်း"
ခင်မေမြင့်ရဲ့စကားအဆုံး အကုန်လုံးက ကြောင်အစွာကြည့်ပေမယ့် ရတုမော်ကတော့ ပြုံးမိပါ၏။သျှားထက်အိတ်တွေကို ကူသယ်ရင်း
အကုန်လုံးရှေ့မှာပြောလိုက်တဲ့စကားလေးကာ...."ခင်က နဂိုလို ဒဲ့ဒိုးသမားဘဲ"
"ဟုတ်လား
ကျွန်မက ကျွန်မပြောင်းလဲသွားပြီတောင်
ထင်နေတာ""ဟားဟား...."
ရတုမော် စကားလေးတွေပြောရင်း ကားဆီကို အရောက်အိတ်တွေကိုနေရာချကာ အိမ်သို့သာကားမောင်းလာလိုက်တော့၏။ဒေလီယာကတိတ်ဆိတ်သလို ခင်မေမြင့်ကလဲ အပြင်ကတိုက်ခတ်နေတဲ့လေလေးကိုသာ မျက်နှာမူပြီး တိတ်တဆိတ်လိုက်ပါလာတော့သည်။
Part 19 (Uni + Zaw Gyi)
Start from the beginning