"ကိုကို..."

အခန်းပေါက်ဝကနေ Hoodie အစိမ်းရောင်လေးနဲ့ အောက်ကဒူးအောက်ဘောင်းဘီအနက်ရောင်လေးကိုဝတ်ပြီး လှမ်းခေါ်နေတဲ့ကောင်လေးက အရမ်းကိုကြည့်ကောင်းနေတယ်
ဘောင်းဘီတိုလေးအောက်ကပေါ်နေတဲ့ ခြေတံသွယ်သွယ်လေး ခြေသလုံးဖွေးဖွေးလေးကရှောင်းကျန့်ကိုမျက်စိမခွာနိုင်အောင်ပင်

အယ်...မဖြစ်သေးပါဘူး ဒီကောင်လေးဘောင်းဘီတိုဝတ်လို့မဖြစ်ပါဘူး
တော်ကြာဒီအစိမ်းလုံးလေးကိုလိုက်ကြည့်နေမှဖြင့်

"ငယ်...ဘောင်းဘီသွားလဲလိုက်အုံး..."

"ဗျာ..ဘာလို့လဲ...ဒါလေးဝတ်ချင်တာကို..."

မျက်နှာလေးညိုးကာ ခြေကိုဆောင့်ပြီး ပေကပ်ကပ်နဲ့လုပ်နေတဲ့ကောင်လေးကိုရှောင်းကျန့်ချော့ပြောမှရတော့မယ်မှန်းသိလိုက်သည်

"ငယ်ကလဲ..သွားလဲလိုက်ပါ...တော်ကြာကိုကို့သဲငယ်လေးရဲ့ခြေသလုံးဖွေးဖွေးလေးကိုလိုက်ကြည့်နေမှဖြင့်...ခုခေတ်ကလေ ပေါ်တင်ကိုလိုက်ကြည့်နေတဲ့ နှာဘူးမ..အဲလေ...မှန်ဘီလူးမတွေကပေါကပေါနဲ့.. သိရဲ့လားသဲငယ်လေးရဲ့.."

"ဘယ်သူကငယ့်ကိုငေးကြည့်မှာလဲ...ကြည့်မဲ့ကြည့် ကိုကို့ကိုပဲကြည့်ကြမှာပေါ့...ကိုကိုကခန့်ချောကြီးကိုး..."

"ဟင့်အင်း မရဘူး...သဲငယ်လေးကအခုမျက်စိမခွာနိုင်အောင် ပိုချစ်စရာကောင်းလာတာသိလား..အာ့ကြောင့် ကိုကိုကသူများကြည့်မှာကိုမခံနိုင်ဘူး အဲ့အစားကိုကိုကပဲအဝကြည့်မှာပေါ့..."

ရှောင်းကျန့်ပြောလိုက်မှ ပါးနှစ်ဖက်ရဲလာပြီးပြုံးစိစိလုပ်နေတဲ့ကောင်လေးကို ရှောင်းကျန့်ရင်ခွင်ထဲဆွဲသွင်းလို်က်တယ်
တစ်ကယ်ပါပဲ ရှောင်းကျန့်ရဲ့အချစ်ကိုအမျိုးမျိုးခြွေယူနေတဲ့ကောင်လေး..

"ကိုကို..."

"ဗျာ့..."

"ငယ့်ကိုအရမ်းချစ်တာပဲလားဟင်..."

"အရမ်းအရမ်းကိုချစ်တာပေါ့သဲငယ်ရယ်...
အရမ်းချစ်လို့ပဲ ကိုကို့မှာစိတ်မချဖြစ်နေရပြီးသဝန်တိုနေရတာပေါ့
ကိုကို့ဘဝမှာ ဟောဒီက
ဝမ်ရိပေါ်ကသာ နံပါတ်တစ်
ဝမ်ရိပေါ်ကသာ နံပါတ်နှစ်
ဝမ်ရိပေါ်ကသာနံပါတ်သုံး...
ကိုကို့ဘဝရဲ့မရှိမဖြစ်အရာတွေထဲမှာ ဝမ်ရိပေါ်ကသာထိပ်ဆုံးနေရာရပ်တည်နေတယ်လေ..
ဒါကြောင့် ကိုကို့ရဲ့အချစ်တွေကိုနားလည်ရင် သဝန်တိုတာတွေလျှော့ခိုင်းဖို့မပြောနဲ့နော် ဟုတ်ပြီလား..."

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now