အပြင်သွားမယ်ဆိုလည်း နောက်ကလိုက်ပို့တဲ့အ
စောင့်တွေနဲ့မသွားချင်။မေမေတို့ဆီသွားပြန်ရင်လည်း ၁နာရီလောက်နေပြီးတာနဲ့ ပြန်ချင်။အသွားအပြန်နဲ့
တင်ပင်ပန်း။ဘာကိုအလိုမကျမှန်းမသိပေမယ့်စိတ်
ကကောက်ကွေးချင်လာတော့သည်။

ကြိုက်လွန်းလို့အခါ၂၀လောက်အပြန်ပြန်အလှန်လှန်
ကြည့်ထားတဲ့Harry Potterကားတောင်ဘယ်အ
ခန်းရောက်နေသည်မသိ ကြည့်နေရင်းနဲ့မမြင်တဲ့သူ
လိုပင်။တနေကုန်ဇတ်ကားတွေထိုင်ကြည့်ရင်းနာရီကို
တမော့မော့ဖြစ်နေခဲ့သည်။ည ၈နာရီကျော်ပြီ။
မောင်ပြန်လာတော့မည်။

အိမ်ရှေ့ကကားရပ်သံကြားပြီးအရင်လိုခုန်ပေါက်
ပြေးမကြိုမိပေမယ့်လျှံစိတ်ဝိဉာဏ်လေးကတော့ 
အူယားဖားယားအိမ်ရှေ့ရောက်နှင့်နေပြီ။ကားတံ
ခါးဖွင့်သံ၊ပိတ်သံ၊ခြေသံ။တိတ်တဆိတ်လေးနား
ထောင်နေရင်းလျှံရေ၊ဘေဘီရေမောင်ပြန်ရောက်
ပြီဆိုတဲ့စကားလေးကိုလည်းတိတ်တခိုးမျှော်လင့်
မိနေလေရဲ့။

"လျှံရော ဦးစိုင်း"

"အောက်ထပ်ဧည့်ခန်းမှာTVကြည့်နေပါတယ်
သခင်လေး"

"အော။ကျွန်တော်ပင်ပန်းနေလို့ခဏနေမှ
ဆင်းလာတော့မယ်။လျှံကထမင်းရောစားရဲ့လား"

"ဒီရက်ပိုင်းအစားနည်းတယ်သခင်လေး"

လျှံက TVအသံကိုလျှော့ထားလိုက်တာကြောင့်
မိုးမခမောင်၏စကားပြောနေသံကိုကြားနေရ
သည်။မျှော်လင့်နေသလိုလျှံရှိရာအခန်းဖက်လှည့်
ဝင်မလာဘဲလှေကားပေါ်တက်သွားတဲ့ခြေသံတို့
သာကျန်ရစ်နေနေခဲ့လေ၏။ချက်ချင်းကြီး
တော့လျှံမလျှော့နိုင်သေးပေ။ဆင်းလာမယ်လို့
ပြောသွားတဲ့စကားကြောင့်သူဆက်စောင့်နေ
ရန်သာရှိသည်။တီဗွီဖန်သားပြင်ပေါ်အာရုံလုံးလုံး
မစိုက်နိုင်တော့တဲ့လျှံအတွက်မိနစ်တစ်ခုဆီ
တိုင်းကရှည်ကြာလွန်းလှသည်။

မိုးမခမောင်ကနာရီဝက်ကျော်သွားတဲ့အထိ
ပေါ်မလာခဲ့ပေ။ပြည့်ဖြိုးလျှံရဲ့မျှော်လင့်ချက်တွေ
တစတစချင်းပြိုကျသွားခဲ့ရတော့သည်။

"လျှံလေးအကြာကြီးကြည့်နေတာမျက်လုံးကိုက်လိမ့်
မယ်။အပေါ်တက်နားပါတော့လား"

ခ်စ္စံအိမ္Where stories live. Discover now