အပိုင်း(၅)

Start from the beginning
                                    

သစ်မင်းမောင် လည်းထိုနည်းတူမေးသည်။
အိမ်ပေါ်က နှစ်လုံးပြူးကို ပွတ်သတ်နေသော သူကြီးကသူသမီးနာမည်ကြားတော့ မျက်မှန်ကြီးအောက်ကချောင်းကြည့်သည်။

"ဟင့်...ကော်ရီးတို့ကလည်း စိုးစိုးရှိနေတာကိုဘာလို့ အမမြရီ ကိုမေးနေတာလည်း သူတို့ကမရှိဘူး ဟိုဘက်ရွာမှာ အထည်အသစ်တွေရောက်လို့ သွားကြည့်ကြတယ်.."

"အဲ့ဆိုလည်း နင်သွားတော့ဟာ...ငါနင်ကိုကြည့်ပြီးခေါင်းတွေမူးနေပြီ။
မရှိတဲ့ဆံပင်ကို ဆံညှပ်နဲ့ကုတ်ထားတာ ကပိုကရိုနဲ့ နင့်ကိုနင်ကြည့်ကောင်းနေတယ်မထင်နဲ.."

"ဟဲ့...$ကောင် တိုးကြီး ။နင်မကြည့်ချင်ရင်မကြည့်နဲ့ငါ့ကော်ရီး သစ်မင်း နဲ့ကော်ရီးဂမုန်းကြည့်ရင် လုံလောက်ပြီ သဘောပေါက်...ရုပ်ကိုက ဘီလူးသံပုရာသီး ကိုက်ထားတဲ့ရုပ်နဲ့ စိုးစိုး တို့က အဆင်ငမ်းရင်တောင် ဘဝင်မြင့်တယ် ချောတဲ့သူမှငမ်းတာ ဘောပေါက်(သဘောပေါက်)"

စိုးစိုး ပြောတော့တိုးကြီး မဲ့ပြသည်။
အေးလေး...ဟိုကောင်နှစ်ယောက်ရဲ့ရုပ်ရည်နဲ့ယှဥ်ရင် သူကဘယ်လိုက်မှီပါ့မလဲ..။
သစ်မင်းမောင်က အသားညိုပေမယ့် ဂမုန်းလောက်သိပ်မညိုပါ။မျက်ခုံးခပ်ထူထူနဲ့ နှုတ်ခမ်းမွှေပေါက်နေပုံလေးကလည်း သူဟာနဲ့သူကြည့်ကောင်းပါတယ်။
တစ်ခုပဲ အဲ့နှုတ်ခမ်းမွှေးကိုတော့ ယမကာဂမုန်း က ငါးခူနှုတ်ခမ်းမွှေးလို့ပြောတတ်သည်။အဲ့လိုပြောရင် သစ်မင်းမောင်က စိတ်ဆိုးတတ်သည်။

ယမကာဂမုန်း ကတော့ အသားညိုသည်။ အမူးသမားမို့ ဆံပင်ကပိုကရိုနှင့် ရုပ်ကတော့ ချောသည်ထက် သူက ကျချစ်ဖို့ကောင်းသည်။
သန့်သန့်ပြန့်ပြန့်နေရင်ပိုလို့တောင် လူချစ်လူခင်ပေါများဦးမယ်။ အမူးသမားလိုပုံစံနဲ့တောင် ရွာထဲကလုံမေတို့ရဲ့ ကိုကိုဂမုန်းဖြစ်သည်။
ကရင်လူမျိုးဆိုပေမယ့် လယ်ထဲအမြဲဆင်းနေရတဲ့ ဂမုန်းသည် အသားညိုတဲ့ ကရင်အရိုင်းတုံးလေးဖြစ်သည်။
တစ်ခုပဲ သူအရမ်းကြိုက်တဲ့ ဂမုန်းပင်တွေကိုတော့ သွားမထိမိစေနဲ့ အသက်နဲ့ကိုယ် အိုးစားကွဲသွားမည်။
အဲ့ဒါကိုပဲ သစ်မင်းမောင်က ဂမုန်းမကြိုက်တဲ့အရာတွေကို ခဏခဏလုပ်လို့ အထိုးခံရတာ အခုရန်ပွဲနဲ့ဆို အချက်ရေ၂၁၁ချက်ရှိပြီတဲ့လေ။
သူ့အလှည့်ကျ ရင်လည်း အချက်ရေနဲ့ပြန်လည်တုန့်ပြန်မည်ဟု သူငယ်ချင်းတွေကိုအမြဲပြောပြ၏။

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now