"အဖေ...အဖေ...ဘာလို့ စိုးစိုးရဲ့ကော်ရီးနှစ်ယောက်ကို ထိပ်တုံးခတ်ထားတာလဲ သနားးးးပါတယ်.."
ီးလိုပဲ သူကြီးသမီးနဲ့မတွေ့ပဲ သူကြီးသား အခြောက်မ ကျော်စိုးနဲ့လာတွေ့နေပြန်ပြီ။စကားတွေတော့ရှည်မှာမြင်ယောင်မိပါသေးတယ်။
စိုးစိုး ကိုမြင်ပြီး ဂမုန်း ငိုချင်စိတ်များတဖွားဖွားဖြစ်လာ၏။
ထို့အတူ သစ်မင်းမောင် လည်းသူမျက်နှာကို အပေါ်လက်ရှည်နဲ့ကာထားသည်။"ဟင့်...ကော်ရီသစ်မင်းရယ်...စိုးစိုး ကိုများမမြင်ချင်လို့ ကွယ်ထားရတယ်လို့...စိုးစိုး ဒီလောက်လှနေတာကို...နော် ကောရီဂမုန်း.."
"အေးလေး...ဟျောင့် သစ်မင်း စိုးစိုးရဲ့အလှတွေကိုရှုစားလိုက်ပါဦး..ကွ ဟားးးး"
"ီးလိုပဲ...စိုးစိုးကိုမင်းပဲကြည့်...ဟိုနေကငါ့နောက်အတင်းလိုက်လာလို့ ရွာလယ်က သခွပ်ပင်ကြီးကို ၄ခေါက်လောက်ပတ်ပြေးခဲ့ရသေးတယ်.."
သစ်မင်းမောင်က မကျေမချမ်းအသံကြီးဖြင့်ဆိုသည်။
"ကော်ရီးတို့ဘာမှမပူနဲ့သိလား...ကော်ရီးတို့၆ယောက်စလုံးကို စိုးစိုး ကျွေးနိုင်ပါတယ်.."
"ဘာ!! ဟဲ့ စိုးစိုး နင်ကျွေးတာငါမစားဘူး ဟိုကောင် ဂမုန်းကို ကျွေးလိုက်.."
"ဟေ့...ဟေ့..ငါဆီမြှားဦးလှည့်မလာနဲ့ ငါလည်းမစားဘူး စိုးစိုး နင်ကျွေးချင်ရင် ဟိုလေးကောင်ကိုကျွေးလိုက်.."
" ငါတို့လည်းမစားဘူး!"
စိုးစိုး ကျွေးမယ့်အရာကို သူတို့အတင်းငြင်းဆန်ကြသည်။
"ဟင့်...သူများက ဘာကျွေးမယ်ထင်လို့လဲ...ကော်ရီးတို့ကို စိုးစိုးက ကောက်ညှင်းပေါင်းကျွေးမလို့ပါ မစားဘူးဆိုရင်လည်း...မကျွေးတော့..."
"ဟာ...ကောက်ညှင်းပေါင်း ဆိုစားမှာပေါ့...နော်ဟေ့ကောင်တွေ ကောက်ညှင်းပေါင်း စားမှာမလား...ဂမုန်း မင်းလည်းစားမယ်မလား..."
"အေး...စားမယ် ငါဘာမှမစားရသေးဘူး.."
"ဒါနဲ့ စိုးစိုး နင်အမ မြရီရော..."
ဂမုန်းက စိုးစိုး ကိုမျက်နှာချိုသွေးပြီးမေးသည်။
"စိုးစိုး...မြရီ သူငယ်ချင်း ခင်ထားကော.."
YOU ARE READING
ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete)
Romance" မောင်ပိုင်တဲ့ ဂမုန်းပင်ကို သေခြင်းတရားကတောင် လုယူပိုင်ခွင့်မရှိဘူး.. " သစ်မင်းမောင်..
အပိုင်း(၅)
Start from the beginning