ရက်စွဲ (၂၃)

Start from the beginning
                                    

"ကဲပြော၊ မင်းငါ့ကိုပြောစရာရှိတယ်ဆို"
"ဟူတ်တယ် ဒါပေမယ့် ပြောဖို့စောနေသေးသလားလို့ ညီလေးစဉ်းစားနေမိလို့"
"ဟေ့ကောင်ရယ် ၊ မင်းငါ့အကြောင်းလဲ သိသားနဲ့၊ မင်းငါ့ကိုယုံယုံကြည်ကြည်ပြောလို့ရတယ်၊ ပြီးတော့ ငါလဲ မင်းကိုတကယ် တူလေးတစ်ယောက်လို ညီလေးတစ်ယောက်လိုစေတနာမေတ္တာရှိတာ မင်းသိသားဘဲ၊ တစ်ချို့အကြောင်းရာတွေဟာ ပြောပြလိုက်မှ မင်းပေါ့သွားမှာပေါ့ကွ၊ လွတ်လွတ်လပ်လပ်နေစမ်းပါ၊ ငါမင်းကိုကြည့်ရတာ မွန်းကြပ်လိုက်တာ၊ လူငယ်ဘဲ ကဲပစ် ဆိုးပစ်လိုက်စမ်းပါလား"

"မနေ့ညက အိပ်မက်ဆိုးတွေမက်တယ်"
"အင်း"
အစ်ကို စိတ်ဝင်တစားနားထောင်နေသည်။
"ညီလေး အမြဲတမ်းအိပ်မက်ဆိုး မက်လေ့ရှိတယ်၊ ဟိုးငယ်ငယ်တည်းကပဲဟုတ်တယ်၊ ပြီးတော့နှလုံးရောဂါလဲ မွေးတည်းကရှိတော့ အိပ်မက်ဆိုးက လန့်နိုးလာရင် အသက်ရှူကြပ်တာတွေ နှလုံးအောင့်တာတွေရှိတယ်"

"အစ်ကိုတစ်ခုပြောမယ်၊ မင်းမှတ်သေးလားမသိဘူး၊ အစ်ကိုတို့စတွေ့တဲ့နေ့က အစ်ကိုမင်းကိုမေးတယ်လေ introvert လား extrovert လားဆိုပြီး"

(Introvert = လူအများကြားသင့်တင့်လျောက်ပတ်စွာပျော်မွေ့တတ်သူ၊ extrovert =တစ်ယောက်တည်းသီးသန့်အေးဆေးနေတတ်ကာ လူအများကြားဝင်ဆံ့ရမည်ကို ကြောက်ရွံ့သူ ဟုအကျဉ်းချုပ် ပြောပါရစေ)

"ဟုတ်၊ မှတ်မိတယ် ၊ အစ်ကိုဘာလို့မေးခဲ့တာလဲရော"

"ဘာလို့လဲဆိုတော့ အစ်ကို စတွေ့တွေ့ချင်းမှာဘဲ မင်းပုံစံက ပုံမှန်မဟုတ်ဘူး၊ တစ်ခုခုထူးခြားနေသလိုပေါ့၊ မင်းကြည့်ရတာ မပျော်မရွှင်နဲ့တစ်ခုခုကို အမြဲတမ်း လေးလေးနက်နက်စဉ်းစားနေတဲ့ပုံ၊ တစ်ခါတစ်လေ အစ်ကိုနဲ့ စကားပြောနေရင်း မင်းမျက်လုံးတွေဟာ အဝေးကိုစိုက်ငေးပြီး တစ်ခုခုကို အလေးအနက် ကြီးတွေးနေတာတွေ အစ်ကိုသတိထားမိတယ်"

"ဟုတ်တယ် ကျွန်တော် ဟာပုံမှန်မဟုတ်ဘူး၊ အမြဲတမ်း counseling ယူနေရတယ်(စိတ်ကျန်းမာရေးဆွေးနွေးခံယူသည်) ပြီးတော့ သာမန်လူတွေလိုမဟုတ်ဘူး ၊အကြောင်းရာတစ်ခုခုကို ကြိုပြီးသိနေတယ် ၊ ပြီးတော့....."

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now