𝓛𝓮𝓽𝓽𝓮𝓻-4

Start from the beginning
                                    

"ရှောင်းကျန့်..."

ရိပေါ်ရဲ့ဒေါသတကြီးအော်သံကြားတော့မှ သူ့စကားလွန်သွားမှန်းသတိထားမိသည်။ သူ့ကိုယ်သူဘာလို့ဒီလောက်တောင်ဒေါသတွေထွက်နေမိမှန်းလည်း နားမလည်တော့ပေ။

"သဘောကျတော့ဘာဖြစ်လဲ။ အဲ့တာငါ့ကိစ္စ မင်းနဲ့ဘာမှဆိုင်မနေဘူး"

ရိပေါ်ကဒေါသတကြီးပြောဆိုပြီး ထွက်သွားတဲ့အခါ အနောက်ကနေပြေးလိုက်ပြီး ချော့ရတာကလည်းသူကိုယ်တိုင်ပါပဲ။ ခုနကရိပေါ်နဲ့စကားပြောနေတဲ့ကောင်ကို သူသိသည်။ သတ္တဗေဒမေဂျာက ကျူးလုံဆိုတဲ့ကောင်ဖြစ်သည်။ ကျောင်းတက်တာပဲ စာသင်နှစ်ဝက်ရောက်နေပြီ။ ကိုယ့်မေဂျာဆောင်ကို ကိုယ်မသိဘူးဆိုတာဖြစ်နိူင်ပါ့မလားပြော။ ဒီကောင်သက်သက်ရိပေါ်နဲ့ရင်းနှီးချင်လို့ အကွက်ရွှေ့နေတယ်ဆိုတာ တွေးကြည့်ရုံနဲ့တင်နပ်ပြီးသား။

ရိပေါ်က သူ့ထက်နှစ်လလောက်ပိုပြီးအသက်ကြီးတယ်ဆိုပေမယ့် ငယ်စဥ်ထဲက မိဘအသိုင်းအဝိုင်းဆီကအလိုလိုက်အကြိုက်ဆောင်ခံခဲ့ရသူမို့ လူ့သဘောလူ့သဘာဝကိုဘာမှသိတာမဟုတ်ပေ။ သူ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက် လမ်းမှားမရောက်ရေးအတွက် ကာကွယ်ပေးရမှာသူ့တာဝန်ပင်ဖြစ်သည်။

ฅ^•ﻌ•^ฅ

အိမ်ရှေ့ခန်းမှာတီဗီထိုင်ကြည့်နေပေမယ့် ရိပေါ်ရဲ့အာရုံတွေက တီဗီဆီမှာရှိမနေ။ နံရံမှာကပ်ထားတဲ့ နာရီဆီကိုသာ လှမ်းလှမ်းကြည့်နေမိသည်။ ဒီအချိန်လောက်ဆို ရှောင်းကျန့်ကအိမ်ပြန်ရောက်သင့်နေပြီမဟုတ်ဘူးလား။ ညနေကျောင်းကပြန်လာပြီးထဲက ညီမဝမ်းကွဲလေးရောက်နေလို့ အိမ်ခဏပြန်မယ်ဆိုပြီးထွက်သွားတဲ့ ရှောင်းကျန့်ကအခုထိအိမ်ကိုပြန်ရောက်မလာသေးတာတော့ လွန်လွန်းသည်။ ရှောင်းကျန့်ထွက်သွားတဲ့အချိန်ကနေစပြီးမှတ်ရင် အခုဆိုငါးဆယ့်ငါးမိနစ်တိတိပင်ကြာနေပြီဖြစ်သည်။

အဲ့ဒီရှောင်းကျန့်ရဲ့ညီမဝမ်းကွဲဆိုတဲ့ကောင်မလေးကိုသူသိသည်။ ပျံတန်တန်နံ့တန့်တန့်ဖြင့် စပ်စလူးထလွန်းလို့ သူနည်းနည်းလေးမှပင်ကြည့်မရပေ။ ပြီးတော့ ညီမဝမ်းကွဲဆိုတာကလည်းစကားအရသာဖြစ်ပြီး တကယ်တမ်းတော့ ဘာမှသွေးမတော်သားမစပ်တဲ့ရပ်ဆွေရပ်မျိုးတွေသာဖြစ်သည်။ ပြီးတော့ အခုအဲ့ဒီကလေးမက ပေကျင်းကိုသင်တန်းတက်ဖို့အတွက်ရောက်လာတာဖြစ်ပြီး သူငယ်ချင်းတွေလည်းပါလာသေးတယ်လို့ကြားသည်။ ကောင်မလေးတွေကြားမှာ သွားကြီးဖြဲလို့ ဝမ်းသာလုံးဆို့နေမယ့် ရှောင်းကျန့်ရဲ့မျက်နှာကြီးကိုမြင်ယောင်ပြီး သူ့လက်ထဲမှာကိုင်ထားတဲ့ အာလူးကြော်ထုပ်ကို အားရပါးရချေမွနေမိသည်။

𝐿𝑜𝑣𝑒 𝐿𝑒𝑡𝑡𝑒𝑟:𝑤𝑟𝑖𝑡𝑡𝑒𝑛 𝑏𝑦 𝐻𝑒𝑎𝑟𝑡Where stories live. Discover now