"ကိုကိုကပဲ ချစ်တာလား...ကျွန်တော်ကလဲ...ချစ်ပါတယ်နော် "
လို့ပြောပြီး ရှောင်းကျန့်ရဲ့အင်္ကျီကိုဆွဲကာ ခြေဖျားထောက်ပြီး ရှောင်းကျန့်ရဲ့နှုတ်ခမ်းများကိုနမ်းလိုက်လေသည်

ရှောင်းကျန့်မှာ အံ့သြသွားရတယ်
သူကပဲအရင်စနမ်းနေကျဆိုပေမယ့် အရှက်သည်းခြေကြီးလှတဲ့ ကောင်လေးဆီကအနမ်းကိုပြန်မရဖူးသေးဘူး
ဒီနေ့ဘာလဲ!!ရှောင်းကျန့်အတွက်ရက်ရာဇာများလား..
ဘယ်လိုတောင်ကံထူးရတာလဲ...

ရိပေါ်ရှောင်းကျန့်ကိုကြည့်ပြီး ရယ်ချင်စိတ်ကတဖွားဖွား...မျက်လုံးပြူးလေးနဲ့သူ့ကိုငေးကြည့်နေပုံ တစ်ကယ်ရယ်ချင်စရာ
စိတ်ချပါကိုကိုရေ...ကိုကို့ကိုဒီထက်မကပိုချစ်ပေးတော့မှာမို့လို့...

"ဟို...အဟမ်း...ကိုကိုအလုပ်ရှိသေးတာမေ့နေလိုက်တာ...ငယ်တစ်ခုခုလိုတာရှိရင် ကိုကိုစာဖတ်ခန်းထဲမှာရှိနေမယ်နော် ဟုတ်ပြီလား...."

ဒါကဒီလူကြီးရှက်ပြီးပြေးထွက်သွားတဲ့ပုံပေါ့လေ...ဟား...
ရှောင်းကျန့်ကရှက်တတ်သေးတယ်ပေါ့
ရှောင်းကျန့်ကလေ သူများရှက်ရင်သာ ပြုံးပြုံးကြီးနဲ့ကြည့်နေတာ သူရှက်တော့ကျတော့လဲ ပြေးထွက်သွားတာများ လိမ့်လိမ့်ကိုပါလို့

"ညနက်တဲ့ထိမလုပ်နဲ့နော်..."
ရိပေါ်မှာ ပြေးထွက်သွားတဲ့ရှောင်းကျန့်ကိုကြည့်ပြီး ခေါင်းတစ်ရမ်းရမ်းနဲ့သာ အိပ်ရာထဲဝင်ခဲ့တော့တယ်

စာဖတ်ခန်းထဲမှာ laptopထဲအာရုံမရပဲ အပျော်လုံးစို့နေတဲ့သူနဲ့
အခန်းပေါက်ဝကနေ ချောင်းကြည့်ပြီးပီတိတွေဖြာနေတဲ့သူနဲ့
အင်းးဘယ်ချိန်မှအခန်းထဲဝင်လာပြီးလာအိပ်မှာပါလိမ့်



ရှောင်းကျန့်နာရီကြည့်မိတော့မှ ၁၀နာရီတောင်ထိုးနေပြီ
အပျော်လုံးစို့နေတာနဲ့ဒီချိန်ရောက်သွားမှန်းတောင်မသိလိုက်ဘူး
ရိပေါ်ကမအိပ်သေးပဲစောင့်နေမှဖြင့်ဒုက္ခ

ရိပေါ်ဆီကဘာသံမှမကြားတော့တာမို့ရှောင်းကျန့်တံခါးကိုအသာဖွင့်ကြည့်လိုက်တယ်
ကုတင်ပေါ်မှာကွေးကွေးလေးအိပ်နေလေရဲ့

"ကောင်းသောညပါ ကိုကို့ကလေးငယ်..."

ရိပေါ်ရဲ့နဖူးလေးကိုအနမ်းတစ်ပွင့်ခြွေကာ ရှောင်းကျန့်အိပ်ယာဝင်ဖို့ပြင်ချေပြီ
ရှောင်းကျန့် ရိပေါ်နိုးသွားမှာစိုးလို့ အသာလှဲလိုက်ပေမယ့် သူလှဲပြီးတာနဲ့ ရိပေါ်ကသူ့ရင်ခွင်ထဲကိုအတင်းတိုးဝင်လာတယ်
ရှောင်းကျန့်သူ့ကလေးငယ်ကိုဖက်ပေးထားရင်း

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now