"ယောကျ်ားလေးတစ်ယောက်က တခြားယောကျ်ားလေးတစ်ယောက်ကိုချစ်မိတာ အပြစ်လား အချစ်မှာအဲ့အရာတွေကအရေးပါသလား ကျွန်တော်မှာလက်လျော့ဖို့အစီစဉ်မရှိဘူး ကျွန်တော်ခင်ဗျားကိုချစ်မိတာပြစ်မှုမြောက်တယ်ဆိုရင်လဲ ရတယ် ကျွန်တော်လက်ထိပ်အခက်ခံမယ် ဒ​ါပေမဲ့ ဆက်မကြိုက်ဖို့ဆိုတာကြီးကမဖြစ်နိုင်ဘူးလေ ဘာလို့...အင်​့...ဘာလို့ဆိုတော့ ကျွန်တော်က စကြိုက်ခဲ့ရတဲ့သူကို ခင်ဗျားမခံစားဖူးတိုင်းလက်လွှတ်စပယ်မပြောပါနဲ့ ဟင့်..ဒီမျက်ရည်တွေကဘယ်အပေါက်ကနေ ဟင့်..ကျလာတာလဲ"

မျက်ဝန်းမှမျက်ရည်စီးကြောင်းကိုသုတ်ကာသူတင်းခံထားမိသည်။သန်မာပြသည်။သူမပြိုလဲကြောင်းပြချင်မိသည်။ သို့သော် သစ္စာဖောက်စွာဖြင့်တစ်ရက်စက်ကျလာတဲ့မျက်ရည်စက်တွေက သူ့ကိုလှောင်ပြောင်နေသယောင်....

"မင်းးpark jimin ငါမင်းကိုငိုခိုင်းနေတာမဟုတ်ဘူးနော်"

"ကျွန်တော်ငိုနေလို့လား"

ဒီလောက်မျက်ရည်တွေတစ်ပေါက်ပေါက်ကျနေတာတောင် ကျွန်တော်ငိုနေလို့လားဆိုပြီး ပြန်စွာနေတဲ့ ကောင်လေးကို yoongi ခေါင်းခေါက်ပြီးသာရိုက်ပစ်လိုက်ချင်တော့သည်။

"အဲ့ဒါဆို မင်းကအခုဘာဖြစ်နေတာလဲ"

"ပျော်နေတာလေ ကျွန်တော်ပျော်လွန်းလို့မျက်ရည်တွေကျနေတာ သိပြီလား တစ်သက်လုံးမြိုသိပ်လာတဲ့ခံစားချက်တွေကိုဖွင့်ထုတ်ပြလိုက်နိုင်လို့ ပျော်လွန်းနေတာ"

ထိုစကားကြောင့်yoongi အနည်းငယ်တော့သနားသွားရပေမဲ့ ပြန်ကြိုက်မဲ့အစီစဉ်မရှိပါ။

"မင်းကငါ့ကိုကြိုက်တာလား"

"အွမ်း"

"ဒါပေမဲ့ငါမင်းကိုမကြိုက်ဘူးလေ"

"သိတယ်အစထဲကသိပြီး..သား"

နောက်ဆုံးစကားမှာအသံလေးတိမ်ဝင်သွားပြီးခေါင်းကိုငုံ့ချသွားတဲ့ကောင်လေး

yoongi သူ့ကို ဒီကောင်လေးကကြိုက်နေတယ်ဆို​တာတကယ်လို့တော့မထင်ထားပါ။အဲ့နေ့ကျကမူးနေလို့ဒီတိုင်ထွက်သွားတာပဲလိုထင်ထားခဲ့တာသူ့ဘက်ကအရမ်းကြီးအတွေးမများခဲ့တာလည်းပါတာပေါ့။
အစထဲက လူရွေးပေါင်းတက်တဲ့ကိုယ်က ဒီကောင်လေးကိုတော့တကယ်ခင်ခဲ့သည်။ လက်ပွန်းတသီးနေပြီး သေချာလဲဂရုစိုက်ပေးခဲ့သည်။ ဒါတွေကလဲ သူက ထိုကောင်လေးကိုတကယ်ခင်လို့ လုပ်ပေးခဲ့တာကြီးပဲ ဘယ်လိုစိတ်မှမရှိဘူး။သူ တစ်ခုတော့ဝန်ခံသည်။ဘာလဲဆိုတော့ park jimin ဆိုတဲ့ကောင်လေးကလွဲပြီးသူဘယ်သူ့အပေါ်ကိုမှသူ့လောက်ဂရုမစိုက်ခဲ့ဖူးပါ။ ဒါပေမဲ့လဲအဲ့ဒါကြီးကို သူ့ကိုကြိုက်နေလို့ဒီလိုတွေလိုက်လုပ်ပေးနေတာပါလို့ ခေါင်းစဉ်တက်လိုက်လို့မရဘူးလေ။ကျွန်တော်က Gay တွေကိုမုန်းတာမဟုတ်သလို ချစ်နေတာလဲမဟုတ်ဘူး။ကျွန်တော်ယောကျ်ားလေးတွေကိုမကြိုက်ဘူး! လုံးဝမကြိုက်ဘူး

Because of you[Daddy Jeon]Donde viven las historias. Descúbrelo ahora