ကျွန်တော်လည်း ဘယ်သူလာတာ
လည်း သိချင်စိတ်က ထိန်းမရတာမို့
အငယ်လေးကိုမစောင့်နိုင်တော့ပဲ
ကုတင်ပေါ်ကဆင်းကာ အခန်း
အပြန်ထွက်ခဲ့လိုက်သည်။အောက်မဆင်းသွားပဲလှေကားထိပ်မှာ
ခဏအကြာရပ်နေတော့ အငယ်လေးက
ခပ်မြန်မြန်အပေါ် ပြေးတက်လာပြီး
မောနေတဲ့ပုံစံနဲ့။" ဆုလာဘ် ကိုကြီးစစ်ကြောင်းက
ပြောတယ် အောက်ထပ်ကို ခဏဆင်း
လာပါတဲ့"" မင်းကိုတိတ်တိတ်လေးသွားလို့
ပြောလိုက်တယ်မလား ဘာလို့မင်း
အစ်ကိုဆီသွားတာလဲ"" သားမသွားဘူး ကိုကြီးစစ်ကြောင်းက သားကိုတွေ့သွားလို့ လှမ်းခေါ်လိုက်တာ
ဆုလာဘ်ကို အခုဆင်းလာခဲ့ခိုင်းတဲ့"" ဘယ်သူရောက်နေလို့လဲ"
" ကိုကြီးစစ်ကြောင်းရဲ့အမေ"
"ဘာ"
ပြဿနာတော့ အကြီးအကျယ်တတ်ပြီ။
သွားပြီ။အန်တီကဘာလို့ ဒီအချိန်ကြီးလာရ
တာလဲ။ သူ့သားဆီလာတာထင်တယ်။ကျွန်တော် ဒီမှာရှိနေတာ လည်းသိသွားလောက်ပြီ။အငယ်လေးနဲ့လာခေါ်ခိုင်း
တော့ မဆင်းသွားလို့လည်းမရဘူး။
ဒုက္ခပါပဲ။ဘယ်လိုလုပ်ရမလဲ။--------
ကိုစစ်ကြောင်းနဲ့ သူ့အမေ
ဘာတွေပြောနေကြလဲတော့မသိပါ။အငယ်လေးလက်ကိုဆွဲရင်းဆင်း
လာခဲ့တာ အောက်ထပ်ရောက်တော့ လှေကားရင်းမှာရပ်ရင်းဧည့်ခန်းက
ဆိုဖာပေါ်မှာထိုင်နေကြတဲ့ သူတွေ
အနားမသွားရဲ။"ဝန်း"
သူ့မေမေနဲ့စကားပြောနေရင်း သူက
ကျနော့်ကို တွေ့သွားလေပြီ။အန်တီကတော့ကျွန်တော့်ကိုလှည့်မကြည့်။
"ဒီကိုလာလေ"
အငယ်လေးကို ထမင်းစားခန်းမှာ
သွားစောင့်နေဖို့ မှာပြီး သွားခိုင်းလိုက်ရသည်။ခြေလှမ်းတွေက လေးပင်စွာနဲ့ပဲ
ဧည့်ခန်းဆီကို သွားရပြီး အနားရောက်
လေ ဘယ်လိုမှမရဲတာမို့ ကိုကို့ကို
အသံတိတ်အချက်ပြပြီးခေါင်းခါ
ပြလိုက်မိသည်။
YOU ARE READING
Reward[Him From Final Year]
Romanceတစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်.... Start Date- 6/11/2019
Extra-4
Start from the beginning