" ဘယ်သူလာတာလဲ အစ်မမြတ်တို့ပဲလား"

ကိုစစ်​ကြောင်းက ပြတင်းပေါက်ကို
သွားကြည့်
ပြီး ကျွန်​တော် မေးတာကိုမဖြေပဲ
အငယ်လေးကိုကျွန်​တော်နဲ့​နေဖို့မှာ
သွားကာ အောက်ထပ်ကိုဆင်းသွားသည်။

ကိုစစ်ကြောင်းထွက်သွားတာနဲ့
အငယ်လေးဘက်အမြန်လှည့်ရပြီး

" ဘယ်လို​ရောက်လာတာပဲ။ မင်း
အ​​မေ ကိုစစ်​ကြောင်းကို ဘာ​ပြော
လိုက်​သေးလဲ"

"ဘာမှမ​ပြောဘူး။ ကိုကြီးစစ်ကြောင်း
ဖုန်းဆက်တော့အ​မေ့ကို ဆုလာဘ်ဆီ
သွားမယ်လို့ပဲ​ပြောလိုက်တယ်။အဲ့တာ
သားကအိမ်ရှေ့မှာထွက်စောင့်နေတာ
ကိုကြီးစစ်​ကြောင်း​ရောက်လာ​တော့
အ​မေက သားကိုကား​ပေါ်​တောင်
တင်​ပေးပြီး ကိုကြီးစစ်​ကြောင်းကိုပြုံးပြလိုက်​သေးတယ်"

အန်တီ​​ဆွေကကျွန်​တော့်ဆို မျိုးစုံပြောပြီး
သူ့ကိုဆို​တွေ့တာနဲ့ မျက်နှာချို​သွေး
တတ်တာကပဲ တော်ပါ​သေးတယ်။

တစ်ကယ်တော်ပါသေးတယ်လို့သာ​
တွေးရင်းအငယ်လေးကိုကြည့်ရင်း
ကျွန်​တော့် ညီ​လေးကိုသွားခေါ်လာ
ပေးတဲ့ သူ့ကိုကျေးဇူးတင်နေမိရ
သည်။

အငယ်​လေးကိုကျွန်​တော် လွမ်းနေတာလည်းသူသိတာပဲ။

" ဘာစားပြီးသွားပြီလဲ"

" အိမ်ကနေတော့ ထမင်း​ကြော်စား
ခဲ့တယ်။ ကိုကြီးစစ်ကြောင်းက
ဆုလာဘ်အတွက်ဆန်ပြုတ်ဝယ်ပေးရင်း သားအတွက်ပါရှမ်း​ခေါက်ဆွဲဝယ်ပေး
တယ်။အောက်ကိုဆင်းပြီး သွားစားရ
အောင်လေဆုလာဘ်"

" ခဏနေအုံး အောက်မှာဧည့်သည်​
ရောက်​နေတယ်"

ဘယ်သူလာတာများလဲ။ သူအခုချိန်ထိ
အပေါ်ပြန်မတက်လာ​သေးဘူး။

" အငယ်​လေး သွား အောက်ထပ်မှာ
ဘယ်သူရောက်နေတာလဲ။သွားကြည့်
ကြည့် တိတ်တိတ်​လေးသွား​နော် ဘယ်
သူမှမမြင်စေနဲ့ ပြီးရင်လာ ပြန်ပြောပြ"

"ဟုတ်"

ကျွန်​တော့်စကားဆို ဘာဖြစ်ဖြစ်
နားထောင်တဲ့အငယ်​လေးက
အခန်းထဲကနေ ပြေးထွက်သွားသည်။

Reward[Him From Final Year]जहाँ कहानियाँ रहती हैं। अभी खोजें