"ommပါ..."

ရိပေါ်လဲဆက်မမေးတော့ပဲ အောင့်ထားလိုက်ရတော့တယ် ကိုကို့ရဲ့မျက်နှာကမင်လျန့်နဲ့ပတ်သတ်ရင်ခက်ထန်သွားတာ
မင်လျန့်...မင်လျန့်...ခင်ဗျားကလေ လူတွေကိုစိတ်ညစ်အောင်လုပ်တဲ့နေရာမှာစံပဲ

"သူများအကြောင်းမတွေးနဲ့တော့...ပြောပါအုံး...ဒီပုဇွန်ကကိုယ်တိုင်ချက်ထားတာပေါ့လေ ဟုတ်လား..."

"ဒါပေါ့ ကိုကိုကြိုက်တယ်မို့လား..."

"ommကြိုက်တာပေါ့...ငယ့်လက်ရာဆိုအကုန်ကြိုက်..."

လက်မနှစ်ချောင်းထောင်ပြီးပြောနေပုံလေးကတစ်ကယ်ချစ်စရာလေး
ကိုကိုပြောတာလဲဟုတ်ပါတယ်
ခုချိန်မှာ သူများအကြောင်းတွေးမနေပဲ ကိုယ်ချစ်ရတဲ့သူနဲ့အတူပျော်ပျော်နေလိုက်တာကပိုကောင်းတယ်မလား

"ဒါနဲ့လေ ပိတ်ရက်ကျရင် မားတို့ဆီကိုသွားရအောင်လေ မကောင်းဘူးလားကိုကို..."

"အွန်း သွားကြမယ်လေ ပိတ်ရက်ကျရင် ငယ်သွားချင်တဲ့နေရာမှန်သမျှကိုလိုက်ပို့မယ်ဟုတ်ပြီလား...."

ရိပေါ်ရဲ့အပြောကိုရှောင်းကျန့်ထောက်ခံတယ်
ရိပေါ်ကလဲဝမ်မားနဲ့ညအိပ်ညနေခွဲဖူးတာမဟုတ်လို့ သတိရနေမှာပဲလေ
သူကိုယ်တိုင်လဲမားတို့ဆီသွားချင်ခဲ့တာ
ပါးကရော?....ပါးကြောင့်ငယ်တော့နေရခက်တော့မှာပဲ....
ပါးစိတ်ကိုလျှော့လိုက်ဖို့ပဲမျှော်လင့်တယ်

"ကိုကို..."

"......"

"ကိုကို ဘာတွေစဥ်းစားနေတာလဲ..."

"အော်...ဘာရယ်မဟုတ်ပါဘူး..."

"ရှောင်းပါးကြောင့်လားဟင်..."

ရှောင်းကျန့်ရိပေါ်ကိုတစ်ချက်ကြည့်လိုက်တယ်
ဒီကောင်လေးသူ့အတွေးတွေကိုသိနေတာလား?..
မဟုတ်ဘူးလို့ပြောရအောင်လဲ ရှောင်းကျန့်မှာတစ်ခြားစိုးရိမ်စရာတော့မရှိ
ဟုတ်တယ်လို့ပြောပြန်ရင်လဲ အလကားနေဒီကောင်လေးဝမ်းနည်းသွားရင်ဒုက္ခ....

"ရှောင်းပါးကြောင့်ဆိုရင်တော့မစိုးရိမ်ပါနဲ့ ကိုကိုရာ...ကျွန်တော်တို့အတူတူဖြေရှင်းကြမယ်လေ....ကျွန်တော်ကဘယ်သူလဲ ဝမ်ရိပေါ်ပါ တစ်ပေါ်ထဲရှိတယ်...ရှောင်းပါးနဲ့ကျွန်တော်တို့အဆင်ပြေစေရမယ် ဟုတ်ပြီလား..."

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now