Soul Mate -2

14.1K 636 29
                                    

[Unicode]

“ ကျွန်တော် ဒီနေ့ည အိမ်ပြန်အိပ်လို့ရမလား ? ကျွန်တော့်အိမ်ပြန်ရင် ကျွန်တော်တစ်ယောက်ထဲမို့လို့ အထီးကျန်တယ်လို့ခံစားရတယ် ”

“ အိမ်အစေ ရော ? ”

“သူ့မွေးရပ်မြေကို ပြန်သွားတာ ၂ လ လောက်ရှိပြီ”

“........”

ဘုန်းမာန်ခသည် ယိမ်းဟန်သာ နှုတ်ဆိတ်သွားသည်ကို အခွင့်ကောင်းယူကာ

“ဒီနေ့တစ်ရက်ဘဲလေ နော် ....ဒီလိုရက်မျိုးမှာ မိသားစုနဲ့ အချိန်ကုန်သင့်တယ်တဲ့ .... ကျွန်တော်တွေးကြည့်ရင် ကျွန်တော့် မှာ ကိုကို့အပြင် ဘယ်သူမှမရှိဘူး ”

ယိမ်းဟန်သာ သည် ဘုန်းမာန်ခ အား ကြည့်လိုက်သည် ။ သူ့ကို ယိမ်းစတွေ့ကတည်းက မာန့် သူငယ်ချင်းဟူသည့် တစ်စုံတစ်ယောက်တောင်မတွေ့ချေ ။ တစ်ယောက်တည်း ဘွဲ့ယူ ၍ တစ်ယောက်ထဲ ပြန်ရန်စီစဉ်ထားပုံရသည်။

“ငါရုံးသွားရအုံးမှာ ” ယိမ်းပြောလိုက်သည်။

“ရတယ် ကျွန်တော် အိမ်ပြန်လမ်းကို မှတ်မိတယ် ”

ပြုံးကာပြောလာပြီး “ အိမ်မှာ စောင့်နေမယ် ” ဟုထပ်ပြောလာသည်။

ယိမ်းဟန်သာ ခေါင်းငြိမ့် ပြယုံသာငြိမ့်ပြ၍ ထိုနေရာမှ ထွက်လာခဲ့သည်။

------------------------------------------------------------------------

ဘုန်းမာန်ခသည် ကြီးမားပြီး လှပ သေသပ်သော အိမ်တော်အားကြည့်ကာပြုံးမိသည်။ သူပထမ ဆုံး စရောက်လာတုန်းက ခံစားချက် ကို ခံစားမိသောကြောင့်ဖြစ်သည်။

ထိုအချိန်ကာ ယိမ်းဟန်သာ ၏ အဖေ နှင့်အမေ သည် သူ ၁၀ နှစ်အရွယ်တွင် ကျေးဇူးရှင်၏ သားဟုဆိုကာ သူ့အားမွေးစားရန် ဤ အိမ်တော်သို့ခေါ်လာခဲ့သည်။

ဧည့်ခန်းသို့ရောက်ချိန်တွင် အန်တီကြည်ဝင်း၏ခေါ်သံကြောင့် အပေါ်ထပ်မှ ဆင်းလာသော လူအားကြည့်လိုက်မိသည်။

အတော်လှသည်။ ဖြူဝင်းသော အသားရည် သွယ်လျှသောမျက်နှာ နှင့်  မျက်ဝန်းဝိုင်းဝိုင်း လေးများက ၁၀ နှစ်အရွယ် မာန့်အား ကစားစရာအရုပ်သဖွယ်လိုချင်တပ်မက်စေမိသည်။

Way To Say " I Love You  "( Complete )Where stories live. Discover now