*22*

2.3K 59 0
                                    

UNICODE

စည်းများခြားသော်***

                Segment 22 

“ပန်ဆင် ငြိမ်ငြိမ်လေးထိုင်နေပါလား....”

အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်နဲ့
အလုပ်တွေရှုပ်နေတဲ့သူမကြောင့်
ခုံမှာထိုင်ပြီးကြည့်နေရတဲ့သူ့မှာ
ခေါင်းတောင်မူးနောက်ချင်လာသည်။

“မရဘူး ကျွန်မစိတ်မအေးနိုင်ဘူး.....
ကျွန်မတို့နှစ်ယောက်အကြောင်း
လူတွေသိကုန်ပြီ....ရှင်ဘာမှမစိုးရိမ်ဘူးလား....”

“စိုးရိမ်တော့ရောစိတ်ရှုပ်ရုံအပြင်ဘာရှိမှာလဲ
ကိုယ်ကအေးအေးဆေးဆေးနေတတ်တာ
မင်းသိရဲ့သားနဲ့.....”

“အဲ့လိုဆိုရင်တောင်ဒီသတင်းကိုဒီမှာပဲရပ်အောင်
ရှင်လုပ်ရမှာလေ ဘာလို့အဲ့လိုကြီး
ငြိမ်ငြိမ်နေနေတာလဲ.....”

“ပန်ဆင် ကိစ္စတစ်ခုကိုဇစ်မြစ်ကအစရှာဖို့ဆိုတာ
လွယ်တဲ့ကိစ္စမဟုတ်ဘူး ကိုယ်လဲရှာတော့
ရှာနေပါတယ် hacker မှမဟုတ်တာ
တန်းပြီးတော့တော့ဘယ်သိမလဲ.....”

သူပြောလိုက်တော့စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့သူမကလမ်းလျှောက်နေတာကိုရပ်ကာ
ခုံမှာဗုန်းခနဲဝင်ထိုင်၏။
သူမသောကရောက်နေတာမြင်ရဝောာ့
စိတ်တော့မကောင်းပေမဲ့ဒီလိုမှမဟုတ်ရင်
တစ်သက်လုံးလူမသိသူမသိနေပြီး သူ့စကားနဲ့သူ
ပတ်ခံရတော့မှာ.....။

“အခုရိုက်နေတဲ့ဇာတ်ကားမှာသာသက်ရောက်မှု.....”

သူမစကားမဆုံးခင်ဖုန်းဝင်လာတာကြောင့်
အသည်းအသန်ယူကိုင်သည်။

“ဟယ်လို မနွေး မနွေး ရိုက်ကွင်းက
ဘယ်လိုဖြစ်သွားပြီလဲဟင် ပန်ဆင်လာလို့
ရတယ်မလား......”

“ပန်ဆင်ဘာကြောင့်လျို့ဝှက်ထားတာလဲ....ပြီးတော့
ဒီကိစ္စဖြစ်ထားတာဘယ်လောက်ကြာပြီလဲ.....”

မနွေးအသံကအနည်းငယ်မာတင်းတင်းနဲ့မို့
ပန်ဆင် တံတွေးတစ်ချက်မြိုချလိုက်ရင်းမှ

“ကွန်ဒိုပြောင်းတဲ့နေ့ထဲကပါ အဲ့နောက်နေ့
ပန်ဆင်တို့မင်္ဂလာဆောင်တာ.....”

“အဲ့လိုဆိုရင်တောင်နည်းနည်းတော့
အရိပ်အမြွက်ပေးသင့်တယ်မလား.....
အခုတော့ဗြုန်းဆိုင်းကြီး....”

စည်းများခြားသော် {Complete}Where stories live. Discover now