"အေးပါကွာ အေးပါ မင်းသဘောပါ။ငါကမင်းလုပ်စာထိုင်စားနေတော့ မင်းကိုသိပ်မပြောရဲဘူး..တော်ကြာငါ့ကိုထမင်းအငတ်ထားနေမှဖြင့်.."
"အဘရယ် ကျုပ်ထမင်းအငတ်ထားတော့ရောအရေးလား ရွာဦးဘုန်းတော်ကြီးကျောင်းရှိနေတာပဲ အဘ တရားစခန်းဝင်လိုက်လေ အဲ့ဆိုထမင်းမငတ်တော့ဘူး.."
"ဒီကောင်ကွာ...ဖအေလုပ်သူကိုတောင် တရားစခန်းဝင်ခိုင်းနေတာ အတော်တော့ဆိုးနေပါပြီ.."
အဘက ကျုပ်လိုအမူးသမားကိုမနိုင်ဘူးဆိုတဲ့ပုံစံနဲ့ခေါင်းခါတယ်။
ကျုပ်ကလည်း အဘကို မလွယ်ဘူးဆိုတဲ့အကြည့်နဲ့ပြန်ကြည့်လိုက်တယ်။"အီးးးးးဟီးးးးးးးဗြဲ...တိုကြီးဂမုန်း ရေ...!!!"
အိမ်ရှေမှာ ဖိုးခွားတစ်ယောက်ငိုပြီးပြန်လာတယ်။ဘာများဖြစ်လာပါလိမ့်။
ကြည့်ရတာ ဟိုခွေးသူတောင်းစား ကလေးကိုစလိုက်ပြန်ပြီထင်တယ်။"ဟာ...ဖိုးခွား ကိုကြီးဆီလာ ဘာလိုငိုလာတာလဲကွ ဟမ်... ဟိုကောင် သစ်မင်းမောင် သားကိုစလိုက်တာလား"
"အီးးးးးတိုကြီးသစ်မင်းက တားကိုပြောတယ် တိုကြီးဂမုန်း ကတားကိုတကယ်မချစ်ဘူးတဲ့။ပြီးတော့ ပြောတေးတယ် တားကိုလှည်းလမ်းကျောင်းက ကောက်ထားတာလို့ပြောတယ်..အီးးးး"
မျက်ရည်တွေဘူးသီးလုံးလောက်ကျကာ နှုတ်ခမ်းလေးထော်ထော်ပြီးတိုင်နေတာ တကယ်ကိုအူယားစရာလေးပါ။
ထုံးစံအတိုင်း ဟိုခွေးကောင် ကလေးကိုသကြားလုံးပေးပြီးစလိုက်ပြန်တာကိုး။ဘာကြောင့်ဆို ဖိုးခွားလေးလက်ထဲဆုတ်ထားတဲ့မာလကာအရသာ သကြားလုံးလေး၃ လုံးကိုဂမုန်း ကြည့်တာနဲ့သိသည်။"အေးအေး.. ကိုကြီး အဲ့ကောင်ကိုအခုပဲသွားပြောလိုက်မယ်နော် ဖိုးခွားလေးကမငိုနဲ့တော့ မနက်ကျရင်ခေါင်းကိုက်နေလိမ့်မယ် ဟုတ်ပြီလား.. "
"ဟုတ်ကဲ့... "
"ဖိုးခွား.. လာအဘဆီ အဘနဲ့တူတူဒီညအိပ်ကြမယ်"
အဘ ခေါ်တော့ အဘဆီသွားပြီးအခန်းထဲဝင်သွားကြသည်။ကျုပ်လည်း ထန်းရည်အိုးကိုဘေးချကာ စွပ်ကျယ်အဖြူတစ်ထည်ကိုဝတ်ပြီး ဘဂျမ်းပုဆိုးခပ်နွမ်းနွမ်းကိုပြင်ဝတ်ကာ လက်နှိပ်ဓာတ်မီးယူပြီး အိမ်ရှေ့ကဟိုခွေးသူတောင်းစား သစ်မင်းမောင်အိမ်ကိုထွက်ခဲ့၏။
အိမ်ရှေ့ခြံတခါးပိတ်ထားတာကြောင့် ခြံစည်းရိုးကာရံထားတဲ့ပုဏ္ဍာရိပ်ပင်တွေကိုခွကျော်ပြီး ဟိုကောင်အိမ်ခန်းဖြစ်တဲ့နောက်ဖေးအပေါက်ကတံခါးကိုအသာခေါက်လိုက်သည်။
YOU ARE READING
ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete)
Romance" မောင်ပိုင်တဲ့ ဂမုန်းပင်ကို သေခြင်းတရားကတောင် လုယူပိုင်ခွင့်မရှိဘူး.. " သစ်မင်းမောင်..
အပိုင်း(၃)
Start from the beginning