အပိုင်း(၃)

Start from the beginning
                                    

အဘက ပြောတော့ဖိုးခွားက ကျုပ်ဆီကိုလာပြီး ကျုပ်တိုတိုဝတ်ထားတဲ့ပုဆိုးစကိုလာဆွဲတယ်။

"တိုကြီးဂမုန်း...တား တိုကြီးသစ်မင်းတို့အိမ်တွားချင်ယို့..."

"မရဘူး....ဖိုးခွား သားအဲ့ကောင်အိမ်ကိုမသွားရဘူး ကိုကြီးခွင့်မပြုဘူး.."

ဖိုးခွား မျက်ရည်တွေဝဲပြီး ကျုပ်ကိုမော့ကြည့်သည်။
စိတ်ထဲမကောင်းပေမယ့် ဟိုကောင်..ခွေးသူတောင်းစားနဲ့မပတ်သတ်စေချင်ပါ။ဖိုးခွားလေးကို မွေးစားရဖို့တောင်ကျုပ်မှာ အဲ့ကျက်သတုန်းကောင်နဲ့မနည်းယှဥ်ပြိုင်ထားရတာ။
ခွင့်မပြုနိုင်ဘူး...လုံးဝသွားခွင့်မပြုနိုင်ဘူး။

"ဟူးးးးးဖိုးခွား.. "

" ဂျာ..."

ခေါင်းလေးငုံ့ပြီးထူးရှာသည်။ကျုပ်ကဘယ်လိုစိတ်နဲ့ ပစ်ပယ်ထားရက်မှာလဲ။

"ကိုကြီး သစ်မင်းတို့အိမ် သွားချင်ရင်သွား.. ဒါပေမယ့် အိပ်ချိန်တော့ပြန်လာရမယ်နော်..."

"တကယ်ယား...တိုကြီး ရေးးးးးဒါမှတို့တိုကြီးဂမုန်းကွ...အဲ့ဒါဆို တားသွားတော့မယ်ညော်.."

သစ်မင်းမောင်အိမ်သွားတာ သူဖအေအိမ်သွားတာကျနေတာပဲ အနောက်တောင်ပြန်လှည့်မကြည့်ဘူး။ခွေးသားလေး။

ကျုပ်လည်း အဘနဲ့အတူ မိုးစပါးအကုန် နွေစပါးပြန်စိုက်ဖို့အကြောင်းလေးတွေဆွေးနွေးတာပေါ့။
အဘက ကျုပ်သဘောအတိုင်းပဲလုပ်တဲ့ သူကအသက်ကြီးနေပြီမို့ အေးဆေးနေချင်ပြီတဲ့လေ။
အဘနဲ့လည်းစီးပွားရေးဆွေးနွေးလို့မရတာကြောင့် ညနေကထန်းတောကအပြန်ဝယ်လာတဲ့ ထန်းရည်အခါး အိုးလေးကိုတစ်ကျိုက်တစ်လေမော့နေတာပေါ့ဗျာ။

"သားဂမုန်း ထန်းရည်တွေလျော့သောက်စမ်းပါကွာ မင်းအသက်၂၅ဖြစ်နေပြီ ဒီခွေးမသောက်တဲ့အရည်တွေကိုစွန့်လွှတ်လိုက်ပါတော့လား"

"အဘရယ် ဒီအရည်တွေခွေးမသောက်ပေမယ့် ဟောဒီက ယမကာဂမုန်း သောက်တယ်လေဗျာ...ခွေးကကောင်းမှန်းမသိသေးလို့ပါဗျာ... ကျုပ်ဆိုကြည့်လိုက်ပါလား ထန်ရည်ကောင်းမှန်းသိတော့သောက်တယ် သောက်တော့မူးတယ်၊မူးတော့ကောင်းတာပေါ့..."

ကြမ်းကြမ်းရမ်းရမ်း ဂမုန်းပန်း( Complete) Where stories live. Discover now