အပိုင်း (၂)

Start from the beginning
                                    

"ဘယ်လိုဖြစ်လို့ မီးမဖွင့်ဘဲ ခိုးကြောင် ခိုး၀ှက် သွားနေတာလဲ? မီးတော့ ဖွင့်တာ မဟုတ်ဘူး။"

"မီးက အစောနကပဲ ပျက်သွားတာ...။ အဲ့ဒါကြောင့် သား ... စာကျက်ဖို့ မီးအိမ် ရှာနေတာ။ မေမေတို့ နိုးသွားမှာစိုးလို့ ခြေဖွနင်းပြီး လျှောက်နေတာ။"

"အမလေး... အကြောင်းမသိတော့ သားကို သားမက် ထင်ပါရောလား? ကဲပါ သားရယ်... အခုက အရမ်းစောနေသေးတယ်မလား? စာကျက်ဖို့က စောပါသေးတယ်။ မနေ့ကလည်း အိမ်ကို နောက်ကျမှ ပြန်လာပြီးတော့ ညနက်မှ အိပ်တာကို စာတွေက အရမ်းများလို့လား?"

"မများပါဘူး မေမေ... ဒါပေမယ့် သား ဆက်ပြီး အိပ်မပျော်လို့ပါ...။ ပြီးတော့ စောစော ၇နာရီလောက် အရောက်လာရမယ် ဆိုလို့ပါ။"

"ဟမ်? ဘယ်လို ၇နာရီလဲ? သူတောင် အိပ်ရာက ထ ပါစေဦး... သားရယ်။ အဲ့ဒီကလေး ဘယ်လိုဖြစ်ပြီးတော့ ... "

"မသိတော့ပါဘူး... မေမေရယ်။ သား စာကျက်လိုက်ဦးမယ်။ ဒါနဲ့ သား... အိမ်က အလုပ်တွေကို ကူမလုပ်နိုင်သေးလို့ စိတ်မထင့်ပါဘူးနော်။"

"သြော်... အမေ့သားရယ်... မဟုတ်တာကွယ်...။ အမေက သားလေး ဒီလောက်စောပြီး အိပ်ရာက တစ်ခါမှ မထဘူးလို့... ခေါင်းမကြည်မှာ စိုးလို့ ပြောနေတာပါ...။"

"ရတယ်... သား အဲ့ဒီစိတ်နဲ့ အိပ်မပျော်လို့ မေမေ..."

"ဘယ်လို?"

"ဘာမှမဟုတ်တော့ဘူး မေမေ... သား စားကျက်တော့မယ်နော်.."

တစ်စုံတစ်ရာကို လျို့၀ှက်နေဟန် ရှိသည့် သားဖြစ်သူကြောင့် အတွေးတစ်ချို့ ခေါင်းထဲ ရောက်လာမိသည်။ သားငယ်လေးက သိပ်ကို မြိုသိပ်နိုင်စွမ်း ရှိသည့်သူပင်။ သူ့ခံစားချက်ကို ဖွင့်ထုတ်မပြသည်က များသည်။ အခုလည်း ဘာတွေ ခံစားနေရသည်လဲ မသိ။ မနေ့ကတည်းက ညပိုင်းမှ ပြန်ရောက်လာသည့်ကလေးက စာအုပ်နှင့် မျက်နှာမခွာတော့ဘဲ ညနက်မှ အိပ်ဖို့ ပြင်သည်။ အခုလည်း မနက်စောစော ထပြန်ပြီ ဖြစ်သည်။

ခံစားချက်ကို သိပ်ပြီး မထုတ်ပြတတ်သည့် ကလေးမို့ ကျွန်မ အနည်းငယ်တော့ စိတ်ပူမိပါသည်။ ထိုကလေးက သားကိုဘယ်လိုတောင် လုပ်လိုက်လဲ မသိ။ အဲ့ဒီအိမ်က ပြန်လာကတည်းက သိပ်ပြီး ပေါ့ပေါ့ပါးပါး ရှိမနေတော့။ နောက်နေ့မှပင် ကိုသက်ထွန်းတို့အိမ် သွားပြီး အနည်းငယ် အကျိုးအကြောင်း မေးရမည် ဖြစ်သည်။

ငါ ပိုင်တဲ့ ငါ့နေရာ (Complete)Where stories live. Discover now