" နာသွားတာလား ကျုပ်အသာပွေ့တာပါ "

" ဟင့်အင်း ငါခါးနာနေလို့ပါ "

" နာရင်နာတယ်ပြော ဟင့်အင်းတေဘာတေလုပ်မနေနဲ့ ကျုပ်ကအနုအယွတေမတတ်ဘူး ကျုပ်အကြောင်းကျုပ်သိတယ် လိမ်စရာမလိုဘူး "

" အင်း အရမ်းနာနေတယ် ခါးက ထရတာတကယ်အဆင်မပြေဘူး "

" ကျုပ်ပွေ့လိုက်တော့ ခင်ဗျားခါးကနာသေးလား "

" ဟင့်အင်း ပွေ့ထားတော့အနာသက်သာတယ် "

" ဟုတ်ပြီ ကျုပ်ကပွေ့ထားမယ် ခင်ဗျားပါကျုပ်နဲ့အတူရေချိုးလိုက် "

" ရ ရတယ် မင်းနဲ့အတူချိုးဖို့ထိမလိုတာမို့ ငါ့ကိုချပေး "

" တစ်ညလုံး ခံရတာမမှတ်လို့ ထပ်ချဖို ကျုပ်လာပြောနေတာလား "

" ဘာလဲ ဘာတေပြောနေတာလဲ ငါကအောက်ချပေးခိုင်းတာ "

" ခင်ဗျားပါးစပ်ပိတ်ပြီးအသာလိုက်ခဲ့ "

ရေချိုးခန်းထဲသို့ခြေလှမ်းကျယ်ကြီးများနှင့် လျှောက်လာလိုက်သည်။လက်ထဲတွင်လည်း သူ၏ဆိုင်သူအားပွေ့ထားသည်မှာ လွှတ်မကျစေရန် ခပ်တင်းတင်း။ ရေပန်းအားဖွင့်ချလိုက်ပြီး ပွေ့လျက်နှင့်ပင် ရေများအား သူတို့ကိုယ်ပေါ်သို့ကျစေသည်။ ရေချိုးနေဆဲအချိန်တွင် တစ်ချက်ကလေးအောက်မချခဲ့သည့်အပြင် ဆပ်ပြာတိုက်မည်အပြု ပွေ့ထားသည်မို့ တိုက်လို့အဆင်မပြေဖြစ်နေလေသည်။

" ငါ့ကိုအောက်ခနချလေ ဆပ်ပြာတိုက်မရ အင့် "

ရိပေါ်အား ပွေ့ချီလျက်မှ ဂုတ်ပေါ်သို့မေးစေ့တင်စေပြီး တင်ပါးမှပွေ့မိုက်လိုက်သည်မို့ ရိပေါ်မှာအင့်ကနဲအသံထွက်လာရသည်။ရှောင်းကျန့်၏အတွေးထဲတွင် ရိပေါ်အားအောက်ချပေးရန်စိတ်ကူးမရှိချေ။အောက်ချလျှင်သေချာပေါက် ခါးကအဆင်ပြေမည်မဟုတ်သည်မို့ ရိပေါ်အားပွေ့လျက်ပင်အလုပ်လုပ်နေသည်။မချစ်ဘူးအရမ်းမုန်းသည်ဟုဆိုသော ရှောင်းကျန့်၏လုပ်ရပ်များသည် ရိပေါ်၏နှလုံးသားငယ်လေးအား ခုန်ပေါက်မြူးကြွစေသည်။သိပ်ကိုနူးညံ့လွန်းနေသည့် ရှောင်းကျန့်အားရိပေါ်တကယ်ကိုနားမလည်နိုင်ပါ။သိပ်မုန်းသည်ပြောပြီး သိပ်ကိုဂရုစိုက်နေသည်လေ။

ကျုပ်အပိုင်{ Complete✓ }Where stories live. Discover now