ရှောင်းကျန့်အတွေးတွေကိုရပ်ပြီး ခေါင်းကိုခါရမ်းကာ မြတ်နိုးရာလေးဆီကိုသာဖုန်းခေါ်လိုက်တယ်

"ဝေ...ငယ်လေး...ကိုကိုတို့ဖိတ်စာရပြီတဲ့...အဲ့တာကိုကိုနဲ့လိုက်မလားဟင်..ငယ်အားတယ်မို့လား.."

"ဟုတ် အားတယ်ကိုကို ...သွားကြတာပေါ့...."

အပြင်ကိုပြုံးဖြီးပြီး ပြန်ထွက်လာတဲ့ ရှောင်းကျန့်ကိုရိပေါ်မော့ကြည့်မိတယ်
ဖိတ်စာကိုကြည့်ပြီး တစ်လောကလုံးကိုအနိုင်ရထားသလိုအပြုံးနဲ့ တစ်ယောက်တည်းပြုံးနေလေရဲ့

"အဲ့လောက်တောင်သဘောကျတာလားဟင်...."

ရိပေါ်ရဲ့အမေးကြောင့်ရှောင်းကျန့်လှည့်ကြည့်တော့မှ
ကောင်လေးရဲ့မျက်ဝန်းမှာအရည်ကြည်လေးတွေနဲ့
ရှောင်းကျန့်မှာစိုးရိမ်သွားရပါတယ်
ဘာများဖြစ်သလဲပေါ့..

"ဟင်..ငယ်..ဘာဖြစ်လို့လဲ...အဆင်ပြေရဲ့လား..."

ရှောင်းကျန့်ရဲ့အမေးကိုမဖြေပဲ ရိပေါ်ခေါင်းကိုပဲတွင်တွင်ခါရမ်းကာ

"ဟင့်အင်း...ဘာမှမဖြစ်ပါဘူး...ဒီတိုင်းပဲ အရမ်းပျော်လို့...ကျွန်တော့်အတွက်ရယ်လို့စဥ်းစားပေးတာ ကိုကိုကပထမဦးဆုံးပဲ...."

ရှောင်းကျန့် ရိပေါ်ရဲ့မျက်ရည်တွေကိုသုတ်ပေးမိတယ် အဲ့နောက်ရိပေါ်ရဲ့ပါးပြင်လေးကိုကိုင်ကာ

"မငိုပါနဲ့ ကိုကိုက ငယ့်အတွက်ပျော်ရွှင်မှုတွေပဲယူလာပေးချင်တာသိတယ်မို့လား...."

ရိပေါ်ရှောင်းကျန့်ရဲ့လက်လေးကိုပြန်ကိုင်ကာ ခေါင်းကိုသာငြိမ့်ပြလိုက်တယ်
အဲ့တော့မှ ယုန်သွားလေးပေါ်အောင်ထိရယ်လိုက်တဲ့ရှောင်းကျန့်ရဲ့မျက်နှာလေးကို ရိပေါ်မှာအကြည့်မလွှဲနိုင်ဖြစ်ရပါတယ်

*အေးချမ်းတယ်...ရှောင်းကျန့်ရဲ့အပြုံးလေးကိုမြင်ရတာအေးချမ်းတယ်
ကျွန်တော်တို့နှစ်ယောက်ကြားထဲကို ဘယ်လိုကံကြမ္မာဆိုးမှဝင်မလာရင်ကောင်းမယ်...*
ရိပေါ်ရဲ့တိတ်တခိုးဆုတောင်းမှုလေးတစ်ခုပေါ့

"ငယ်...အပြင်ထွက်လက်စနဲ့တစ်ခါတည်း ကိုကိုတို့ဝတ်စုံတွေပါသွားကြည့်ကြမယ်လေမကောင်းဘူးလား..."

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Where stories live. Discover now