ပန်ဆင်  ညစာချက်ရန်ပြင်ဆင်ကာ
Apron ဝတ်လိုက်သည်။
ဒီနေ့တော့ ပန်းဂေါ်ဖီကြော်နဲ့ ခရမ်းခေါင်းသီးနှပ်
ချက်ရန်ပြင်ဆင်လိုက်၏။

ဒီလိုရိုးရှင်းတဲ့စားစရာတွေကိုသာကြိုက်တဲ့
ပန်ဆင့်အဖို့ ကိုယ်တိုင်ချက်စားတာကလွဲရင်
ကျန်တာဟာအဆင်မပြေ.....။

ထို့ကြောင့် ချက်ပြုတ်ပြင်ဆင်ရင်းရပြီဆိုမှ
သူပါစားမလားမေးရန် ပန်ဆင်
အပြင်ကိုပြန်ထွက်လာခဲ့၏။
သူကတော့ အခုထိခေါင်းငိုက်စိုက်ထားဆဲနဲ့
ပန်ဆင့်ကို မော့မကြည့်တာကြောင့်
‌ရှေ့တည့်တည့်သွားရပ်ရင်းမှ

“ရှင်ညစာစားမှာလား.....”

“မင်းကိုယ့်ကိုခွင့်လွှတ်တယ်မလား.....”

ပြောပြီးခါးကိုလှမ်းဖက်ကာ ရင်ခွင်ထဲကို
ကလေးတစ်ယောက်လိုတိုးဝင်လာတဲ့သူ့ကြောင့်
ပန်ဆင် ကြက်သီးထသွားမိသည်။
သူကတင်းကျပ်နေအောင်ဖက်ထားရင်းမှ
ဗိုက်မှာမေးကပ်ကာ မျက်နှာကိုအပေါ်မော့လာ၏။

ပန်ဆင်အပေါ်စီးကနေသူ့မျက်နှာကို
မရဲတရဲကြည့်ရင်းနဲ့မှ

“ရှင့်ဘက်ကမှားတာကိုတော့အပြည့်အဝ
နားလည်တယ်မလား....”

ပန်ဆင်ပြောလိုက်တော့သူကခေါင်းညိမ့်ပြရင်း
‌သူ့မျက်နှာကိုပန်ဆင့်ဗိုက်မှာတိုးဝှေ့ပွတ်သပ်ကာ

“နားလည်ပါတယ် အဲ့တာကြောင့်
မင်းဆီကခွင့်လွှတ်မှုကိုတောင်းနေတာပေါ့
မင်းစိတ်မဆိုးနေဘူးမလား.....”

“စိတ်ဆိုးပေမဲ့ ကလေးမဟုတ်တဲ့ကျွန်မက
အကျိုးအကြောင်းနားလည်တယ် ဒါပေမဲ့
ရှင် လျှံထက်ပိုင်ကိုတောင်းပန်ရမယ်
မဟုတ်ရင်ရှင်တို့နှစ်ယောက်ကြားမှာ
အနေခက်တဲ့လူကကျွန်မပဲဖြစ်လိမ့်မယ်.....”

“အဲ့တာမဆိုင်ဘူး မင်းဘက်ကသူ့ကို
စိတ်မဝင်စားရင် သူ့ကြောင့်အနေခက်တယ်ဆိုတာ
ဖြစ်လာမှာမဟုတ်ဘူး ဒါကြောင့်ကိုယ်လုံးဝ
မတောင်းပန်နိုင်ဘူး.....”

“အဲ့တာဆိုကျွန်မမှာပြောစရာကုန်ပြီ
တောင်းပန်တာမတောင်းပန်တာ ရှင့်ကိစ္စ.....”

ပြောပြီးထွက်သွားရန်ပြင်နေတဲ့သူမ
လက်ကောက်ဝတ်ကိုဖျက်ခနဲလှမ်းဆွဲထားရင်းမှ

စည်းများခြားသော် {Complete}Where stories live. Discover now