"ဟမ်..အော်..ငယ့်ကို ကိုကို့အိမ်ခေါ်သွားချင်လို့်..."

မျက်လုံးလေးတွေတောင်ရွေ့မြောက်ရွေ့နဲ့
မျက်နှာလေးညိုးကျပြီး ခေါင်းလေးငုံ့သွားတာကိုရှောင်းကျန့်တွေ့လိုက်ပါတယ်

"ငယ်ကမလိုက်ချင်ဘူးလားဟင်.."

"ဟို...ကျွန်တော်ကြောက်တယ်..."

"ဘာလို့လဲ..."

"ကိုကိုနဲ့ သဘောမတူရင် ဘယ်လိုလုပ်မလဲ..."

အော်ဟော ....ကောင်လေးကသဘောမတူမှာကိုကြောက်နေတာတဲ့
စိုးရိမ်နေတဲ့ကောင်လေးကိုရှောင်းကျန့်ရင်ခွင်ထဲမှာ နောက်တစ်ခါပြန်ထည့်ထားလိုက်မိတယ်

"ဘာမှမဖြစ်ဘူး...ကြောက်စရာမလိုဘူး ဟုတ်ပြီလား...ကိုကို့နောက်ကိုယုံယုံကြည်ကြည်နဲ့သာလိုက်ရဲရဲ့လားဟင်...."

"အွန်း...ယုံကြည်တယ်...ကိုကို့ကိုယုံကြည်တယ်...ပြီးတော့ကျေးဇူးလဲတင်တယ် ဟီးး "

"ဟင် ဘာကြောင့်လဲ..."

"ဒီလိုပါပဲ...."

မျက်နှာလေးမော့ပြီး ခေါင်းလေးကုတ်ကာ ပြောလာတဲ့ရိပေါ်ရဲ့နဖူးလေးကိုရှောင်းကျန့်အနမ်းပေးလိုက်တယ်
ရိပေါ်ကိုလာရှာရတဲ့အကြောင်းအရင်းက မားကတွေ့ချင်လွန်းလို့ခေါ်ခိုင်းတာကိုတော့ မပြောဖြစ်ဘူးပေါ့

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"အာ...ရိပေါ်လေး...ကျဲတို့ဆီလာတယ်ပေါ့..."

အိမ်ပေါက်ဝကနေ ရိပေါ်ဝင်လာတာကိုတွေ့တာနဲ့ ရွှမ်လုတို့ကတော့ပြေးလာလိုက်တာ
ရိပေါ်ကိုတွေ့တာနဲ့ ပါးနှစ်ဖက်ကိုညှစ်ညှစ်ပစ်တာ ကျဲရဲ့အကျင့်လားရှောင်းကျန့်မသိ
သေချာပါတယ် ရှောင်းကျန့်တို့ကတော့ ရွှမ်လုဆီကိုမျက်စောင်းကဒိုင်းကနဲ
နောက်ဆို မကိုင်ဖို့တင်းတင်းကျပ်ကျပ်ကိုပြောရတော့မယ်

ရှောင်းကျန့်မျက်စောင်းထိုးနေတာကို ရွှမ်လုကတော့ပြောင်သာပြလိုက်တယ်
ကာယကံရှင်ကတောင် ဘာမှမပြောတာကို အလကားအဖြစ်သည်းနေတာလို့ ရွှမ်လုကတော့ကောက်ချက်ချလိုက်တယ်

ရိပေါ်ကတော့ကြားထဲကနေပြုံးသာပြုံးပြလို်က်တယ်
သူနဲ့ပတ်သတ်ရင် ရှောင်းကျန့်ကအစ်မရင်းနဲ့တောင်သဝန်တိုလွန်းပါတယ်
ဒါကြောင့်လဲ ရွှမ်လုတို့ကပို စတာကို ရှောင်းကျန့်ရဲ့မျက်စောင်းကလဲ တစ်ခါမှအလွှတ်မပေးပါဘူး

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Hikayelerin yaşadığı yer. Şimdi keşfedin