"အင်း"

"ဆိုတော့ကာ လက်ကအရိုးကိုပြန်လည်ပြီးကောင်းအောင် ခွဲစိတ်စို့လား"

"...."

ရှောင်ကျန့်လေးကလည်းသူသင်ရမဲ့အခန်းမှာထိုင်နေပြီး လူတွေကိုလိုက်ကြည့်မိတယ် ဒီမှာကဝတ်ကောင်းစားလှတွေဝတ်ထားကြ
တယ် မိန်းကလေးတွေကတော့သူ့ထက်ငါအပြိုင်လှလှပပနဲ့ပေါ့ ရှောင်ကျန့်ကတော့ အားငယ်သွားသလိုလေး မားမားကစုဆောင်းထားတဲ့
ငွေလေးတစ်ဝက်ကိုပေးပြီးအင်္ကျီဝယ်ဖို့ပြောတယ် သူကတော့နှမြောတာကြောင့် အင်္ကျီကောင်းကောင်းလေးတစ်ထည်ဈေးသိပ်
မပေးရတဲ့အင်္ကျီလေးသာဝတ်လာတယ် ဒါပေမဲ့စာသင်ဖို့ပဲ အလှပြိုင်ဖို့မှမဟုတ်တာကို စာကိုသာအဓိကထားလုပ်ရမယ်။

မကြာမီဆရာနဲ့တစ်ပြိုင်ထဲကျောင်းသားတစ်ယောက်ဝင်လာတယ် ကြည့်မိလိုက်တော့ဟိုတစ်ခါ သူတံခါးဝမှာထမင်းထည့်ခိုင်းတဲ့ဟိုလူပဲ မြို့အုပ်ဟောင်းပြောတာကတော့အဲ့တာအမတ်မင်ရဲ့သားတဲ့လေ။

ထိုသူကရှောင်ကျန့်ဘေးနားမှာလာကပ်ထိုင်သည် ရှောင်ကျန့်ရဲ့ဘေးနားမှာ
ဝမ်ကျိုးချန်ဆိုလားပဲအဲ့သူကလည်းနည်းနည်းဂေါက်ကြောင်ကြောင်နိုင်လား
တော့မသိဘူး ရောက်လာထဲကိုကသူ့ဘေးနားမှာပဲထိုင်ပြီးအပြင်ဘက်ကို
ပဲငေးနေတာ သူ့ကိုတောင်စကားလှည့်မပြောဘူး။

"မှတ်မိလားကိုယ့်ကို"

"ဗျာ...အာ...ဟုတ်ကဲ့"

"တော်သေးတာပေါ့မေ့သွားပြီထင်နေတာ"

"အဲ့...အဲ့တုန်းကကျန့်ကျန့်တောင်းပန်ပါတယ် မသိပဲနဲ့ခိုင်းခဲ့တာပါ"

"ရပါတယ် ကိုယ်အပြစ်မယူပါဘူး"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

"ဒါဆိုငါ့အစ်ကိုယာဉ်တိုက်မူ့ဖြစ်တာမင်းကြောင့်ကိုး"

ဘေးနားကတစ်ခွန်းမှတောင်မပြောတဲ့ဝမ်ကျိုးချန်ကပြောလာသည် မြို့အုပ်ဝမ်ကသူ့အစ်ကိုတဲ့လား။

"ကျန့်ကျန့် အဲ့တာမရည်ရွယ်ပဲနဲ့ဖြစ်သွားရတာပါ"

"ရည်ရွယ်ရွယ်မရည်ရွယ်ရွယ်လေ မင်းကြောင့်ဖြစ်သွားတာပဲလေ"

မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း (completed )Where stories live. Discover now