ဒီတစ်ခါတော့မြို့အုပ်ဝမ်ကိုအသေအချာကျွေးပါတယ် မြို့အုပ်ဝမ်တစ်လှည့်
သူတစ်လှည့်စားနေရတာ မြို့အုပ်ဝမ်ကတော့ဘာမှမပြောနိုင်တော့ပါ ပြောလည်းဒီဟာလေးကရမှာမှမဟုတ်ပဲ ဘာလို့လေကုန်ခံပြီးပြောနေရတော့မှာလဲ...။
------
ညဘက်ရောက်လို့ ရှောင်ကျန့်ကအစေခံတွေလာပေးထားတဲ့စောင်ရယ်
ခေါင်းအုံးလေးရယ် အောက်ကခင်းတဲ့စောင်လေးတစ်ခုရယ်ကိုယူပြီးမြို့အုပ်
ဝမ်ရဲ့ခုတင်ဘေးနားမှာသူအိပ်ရတယ် ပုံမှန်အတိုင်းသူအိပ်နေကျပါပဲ။"မြို့အုပ်ဝမ် ခိုင်းစရာရှိရင်နိုးလိုက်နော်"
"အင်း "
ခဏလောက်ကြာပြီးတဲ့နောက်ရှောင်ကျန့်အိပ်ပျော်သွားတယ် မြို့အုပ်ဝမ်က
လည်းအဲ့အချိန်ကြမှရေထဆာလာတယ် လက်ကလည်းကျိုးထားတာလူပ်
လို့မရခြေထောက်ကလည်း ဟင်း....ဘဝကလည်းသေချင်စိတ်တောင်ပေါက်ပါတယ်လေ။"ရှောင်ကျန့်"
"...."
"ရှောင်ကျန့်"
"အွန်း...မားရာ ငါးမိနစ်ထဲကို..."
"ရှောင်ကျန့်!"
"ဟင်...ဟာ...ဘာလဲ ဟင်"
ရှောင်ကျန့်ကကုန်းကတ်ထကာ ခုတင်ပေါ်ကိုလွှားခနဲတက်ထိုင်လိုက်သည်။
"ဘာဖြစ်လို့လဲ ခေါင်းမူးလို့လား အန်ချင်လို့လား ဆေးရုံသွားမလား"
"ရှောင်ကျန့်"
"ဟုတ်ကဲ့"
"ငါ့ကိုရေတစ်ခွက်လောက်သွားယူပေး"
"ဟုတ်ကဲ့ အခုချက်ချင်းရလာပါစေရမယ်"
"...."
ရှောင်ကျန့်ကခပ်သွက်သွက်ပဲရေကိုပြေးသွားယူပြီး ပြန်လာတော့ရေကနည်းနည်းလေးလျော့နေတယ် မြို့အုပ်ဝမ်လည်းဘာမှမပြောတော့ပဲနဲ့သောက်လိုက်တယ်။
"ရှောင်ကျန့် ရေသွားထပ်ယူဦး မြဲမြဲမှတ်ထားရေသယ်ရင် ပန်းကန်ပြားလေးနဲ့ပါအတူသယ်ရတယ် သွား"
"ဟုတ်...ဟုတ်ကဲ့"
ရှောင်ကျန့်ကတော့ထွက်သွားပြန်ပြီ နည်းနည်းလေးကြာတော့မှပြန်ရောက်
လာတယ်ဒီတစ်ခါတော့ဖန်ခွက်မပါ ပန်းကန်ပြားလေးပဲပါလာသည်။
YOU ARE READING
မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း (completed )
Fanfictionမြို့အုပ်လေးနဲ့သူနာပြုလေးပေါ့
Part 2
Start from the beginning