အကိုစိတ်ကျေနပ်တာမြင်ရတော့ သူလည်းပျော်ပါတယ်လေ..

"အမှတ်ကောင်းတယ်ဆိုတော့ အကိုဘာဆုပေးမှာလဲ...ပေးပေး.. "

သူက ကလေးငယ်လိုမျိုးလက်ဖြန့်လို့ အကို့ကိုစနောက်ဖို့စိတ်ကူးတယ်။

"ဆုပေးရင် နောက်ပိုင်းကောင်းကောင်းကြိုးစားမှာလား..."

"ဒါပေါ့ ဒါပေါ့... ကတိတစ်ရာပေးတယ်ဗျာ..."

"ကတိတစ်ရာကတော့ ပိုလွန်းသွားပြီ ဝမ်ရိပေါ်.."

"တကယ်ပါဆို.."

တကယ်ပါ ... အကို့ဆီက အရာရာတိုင်းက သူ့တွက်​တော့မျော်လင့်စရာတွေချည်းပဲ...

အကိုက ပြုံးရင်းလွယ်အိတ်ထဲကတစ်ခုခုကိုထုတ်လို့ သူ့လက်ထဲထည့်လာတယ်။

"....."

ဘာလဲ... ဒါက သူစောစောကပေးလိုက်တဲ့ ချောကလက်ဝေဖာလေ..
ဒါကိုပြန်ပေးတာလား

သူကြောင်ပြီးမော့ကြည့်လိုက်တယ်။

"ဒါက ကျွန်တော်​ပေးထားတာကြီးလေ.."

"မင်းကိုယ့်ကိုပေးထားတာဆိုတော့ ကိုယ့်အပိုင် ဖြစ်သွားပြီလေ... ကိုယ်ပိုင်တာကို မင်းကိုပေးတာ ဘာမှားလို့လဲ.."

"အာ..."

ဒါလည်း ဟုတ်တာပဲ..

"လောလောဆယ်ကိုယ့်မှာ ဒါပဲရှိတယ်"

အဲ့ဒီချောကလက်ဝေဖာထုတ်ကလေးကို ဝမ်ရိပေါ် ဆုပ်ကိုင်မိတယ်..

"ဟုတ်.."

ဘယ်လိုအရာဖြစ်ဖြစ် အကို့လက်နဲ့ပေးမှတော့ တန်ဖိုးမြင့်တက်ပြီးသားပဲပေါ့...

"ကဲ.. ဒီနေ့တော့ ဒီလောက်ပဲ... နောက်ရက်မှဆက်တာပေါ့..."

သူ့အတွေးမဆုံးသေး...
မြန်ဆန်တဲ့အကို့ကျောပြင်က အခန်းတံခါးပိတ်သံနဲ့အတူ အပြင်ရောက်သွားပြီ...

သစ်သားခြံတံခါးလေးကိုဖွင့်လို့ထွက်သွားတဲ့အကို့ကို ပြတင်း​တံခါးလေးအသာလှပ်လို့လှမ်းငေးမိတယ်။
အပြင်မှာမှောင်နေပြီ...
ဒါပေမဲ့ ဒီလူအတွက်တော့ သိပ်ကိုသမာရိုးကျတဲ့ အိမ်ပြန်ချိန်တွေပဲထင်ရဲ့....
အကို့ကို အိမ်ပြန်လိုက်ပို့ပေးနိုင်မဲ့တစ်နေ့တော့ ရောက်လာလိမ့်မယ်မျော်လင့်ရတာပဲ...

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now