!တီ တီ!
"ဟဲလို မင်းဝေ ပြော"
" ဆရာ "
"အေး"
"ဦးစိုင်းနောင် လွတ်သွားပြီ ဆရာ "
"ဟမ်"
"စခန်းမှူးက ဒီတိုင်းလွတ်ပေးလိုက်တယ်လို့ပြောတယ် ဆရာ Uncle ကလဲ အနောက်ကနေငွေလိုက်ထားတော့ အဆင်ပြေသွားတယ်ထင်တယ်"
"အင်း အဲ့တာဆို အကုန် Cancel လိုက်တော့
ငါပြန်မလာတော့ဘူး"!တီ...!
ချသွားတဲ့ ဖုန်းကို မင်းဝေ ကြည့်ကာ သက်ပြင်းသဲ့သဲ့လေးသာချလိုက်ပြီး တစ်ချက်ပြုံးကာ....
"ဟုတ်ကဲ့ပါ ဆရာ"
.
.
.
."ဘဲကြီး ပါပါးအခြေနေ"
"နိုးပြီလား မင်းပါပါးကိုစိတ်ပူမနေနဲ့တော့ သူလွတ်သွားပြီ"
"ဗျာ"
စိုင်းမင်းခ ဗျာ တစ်ခွန်းသာ။ ဘယ်လိုလွတ်သွားလဲဆိုတာကိုတော့ သူမမေးတော့ပါ။ သူ့အရှေ့ကသူကို သူယုံကြည်ပါသည်။
" ရော့ဆန်ပြုတ်လေးသောက်ပြီး
ဆေးသောက်လိုက် မင်းညက အဖျားတွေတက်ထားတာ ""မာမားနဲ့ဖုန်းပြောချင်တယ်"
"အင်း မင်းဆန်ပြုတ်သောက်ထား
ကိုယ်မင်းဖုန်းသွားယူပေးမယ်"စိုင်းမင်းခ ခေါင်းသာတစ်ချက်ငြိမ့်ပြလိုက်ပြီး
အရသာရှိပေမယ့် အရသာမတွေ့သောဆန်ပြုတ်ကိုနှစ်ဇွန်းလောက်သောက်ပြီး ဆေးသောက်ကာ
တစ်ဖက်ကိုပြန်လှဲနေလိုက်တော့၏။"ရော့ "
ဖုန်းရတာနဲ့ စိုင်းမင်းခ Messenger ထဲဝင်ကာ
မာမားဆိုသော Nn လေးရေးထားတဲ့ Acc လေးကို ဖုန်းခေါ်လိုက်တော့၏။"ဟဲလို"
"ဟဲလို စိုင်း ပြော....."
Audio ကနေကြားလိုက်ကတဲ့ အသံ။စိုင်း ဆိုတဲ့အသံက စိုင်းမင်းခကိုအံ့သြမှုအတိ။ဘေးနားက ခွန်းခက်ပိုင်ကတော့ ဆန်ပြုတ်ပန်းကန်မှာသာ
စိတ်ရှိနေတော့၏။"အကိုကြီးလား "
"အေး
မင်းအဲ့ဂျပန်မှာ အဆင်ရောပြေရဲ့လား
ငါညီတို့ကတော့ပိုင်တယ်နော် တစ်ခါတည်းစေ့စပ်ပြီး တန်းကိုပါသွားတော့တာဘဲ"
![](https://img.wattpad.com/cover/330777389-288-k479795.jpg)
Part 17(Uni+Zawgyi)
Start from the beginning