"အိုး. . .ဆောရီး၊ ထပ်မဖြစ်စေရပါဘူး"

ထိုတစ်ယောက် ခေါင်းညိတ်ပြလာတာမို့ စကားနည်းရန်စဲဖြစ်အောင် ရိုင်းလ်လည်း ထိုလူနဲ့ ဝေးရာသို့ တိုးကပ်ထိုင်လိုက်ရကာ နောက်ကျောကို ခေါင်းပြန်မှီပြီး အိပ်လိုက်လာခဲ့ပြန်သည်။

ကားက ရန်ကုန်မှ ထွက်ခွာလာခဲ့တာ လေးနာရီလောက်ရှိနေပြီ။ နောက်ခဏအကြာဆို ကားခဏ ရပ်ပေးမယ့်နေရာ ရောက်လောက်ပြီမို့ ရေး သူ့ mask ကို ချွတ်လိုက်တော့သည်။ ထိုစဉ် သူ့နှာခေါင်းထဲသို့ လာဗင်ဒါနံ့ ချက်ချင်းရလိုက်တာမို့ ဘေးကလူကို လှည့်ကြည့်လိုက်မိသည်။

mask ချွတ်လိုက်လို့သာ ထိုအနံ့ကို သတိထားမိလိုက်ခြင်းဖြစ်သလို ထိုလူ့ကိုယ်မှ ရေမွှေးနံ့ကလည်း မွှန်ထူ မွှေးကြိုင်နေတာမျိုး မဟုတ်ဘဲ အနီးကပ်ထိုင်နေကြရလို့သာ နှာခေါင်းထဲ တိုးဝင်လာခဲ့တာ။

ခဏအကြာမှာပင် ကားက toilet ခဏဝင်ရန်အတွက် ရပ်တန့်ပေးလာခဲ့သည်။ ထို့အတွက် ရေးတစ်‌ယောက် သူ toilet သွားချင်နေတာကြာပြီမို့ ထိုလူ့ကို ခြေထောက် ဖယ်ပေးဖို့ ပြောရတော့သည်။

"ဒီမှာဗျ. . .ကျွန်တော် အပြင်ထွက်ချင်လို့၊ လမ်း ခဏဖယ်ပေးပါဦး"

". . . ."

"ဒီလူ ခုနစ်ရက်ခုနစ်လီ မအိပ်ခဲ့ဘူးလား။ ဟေ့. . .ခဏဖယ်ဦးဆို"

ခပ်ကြမ်းကြမ်း လှုပ်နှိုးခံလိုက်ရတာကြောင့် ရိုင်းလ် ပြန်လန့်နိုးလာခဲ့သည်။

ဒီတစ်ခါတော့ ကားမီးလည်း ပြန်ထွန်းပေးထားသလို ဘေးကကောင်လေးရဲ့မျက်နှာကိုလည်း သေချာမြင်လိုက်ရတာကြောင့် သူ အိပ်ချင်ပြေသွားရုံမကဘဲ အဖျားပါ ချက်ချင်းကျသွားသယောင်ယောင်။

"မင်း. . .မင်း ငါ့နောက် လိုက်လာတာလား"

ရေး သူ ခုန ထင်လိုက်သလို ကပြားကောင်ဖြစ်နေတာ‌ကြောင့် လှောင်ပြုံးပြုံးလိုက်မိသည်။

"စိတ်ကူးယဉ်နေလိုက်၊ ဖယ်စမ်းပါ၊ ထွက်ကျတော့မယ်"

ခုန တခြားလူဖြစ်နေမှာစိုးလို့ ထိန်းခဲ့ရပေမယ့် အခုတော့ ရေး ထိုကောင့်ကို စောင့်တွန်းဖယ်ပြီး အမြန်ဆင်းခဲ့ရတော့သည်။

Snowless Winter Dream [Completed]Wo Geschichten leben. Entdecke jetzt