" အဲ့တာဘာထူးဆန်းလို့လည်း ငါတို့ကငါးတေစားတယ်လေ သူတို့ကပင်လယ်ကနေဖမ်းတယ် ပြီးရင်သတ်တယ် ပြီးရင်ရောင်းစားတယ် "

" ဘာလို့အဲ့လိုလုပ်ရတာလဲ "

" လူတေစားဖို့အတွက်ပေါ့ "

" ငါးကလွဲစားစရာမရှိဘူးလား "

" ဒီ* သူတို့စားချင်လို့စားတာလေ မင်းကလည်း "

" ဝမ်ရိပေါ်သိလား ရှောင်းကျန့်ကရေညှိပဲစားတာ ငါးတေနဲ့တူတူနေတာမလို့ ငါးတေကိုမစားဘူး "

" ဟမ် ဘာကြီး "

" ရှောင်းကျန့်တို့ကငါးမစားပါဘူးဆို "

" ရေညှိကကောင်းလို့လား "

" အွန်း ရှောင်းကျန့်ကြိုက်တယ် "

" ဟုတ်လား ငါရေညှိဝယ်ကြော်ကြွေးမယ် "

" တကယ်လား ရှောင်းကျန့်ကရေညှိကိုအစိမ်းလိုက်လည်းစားတယ် "

" What the အစိမ်းစားတာ "

" အွန်း "

" မင်းဟာကလည်း "

တကယ်ပါပဲ ရေညှိကိုအစိမ်းစားရတယ်လို့ ထားပါ ချက်ရတာသက်သာတာပေါ့ သူအစိမ်းစားတယ်ဆိုတော့လည်းအစိမ်းလိုက်ကျွေးယုံပေါ့။သူကတော့ ရေညှိအစိမ်းမစားတတ်တာမို့ ခေါက်ဆွဲဘူးဝယ်ပြုတ်ပြီးသောက်ယုံပေါ့...

>>>>>

တကယ်ကို ရေညှိတေဝယ်ချလာသောရိပေါ် ပါလေ ။အိမ်ပြန်ရောက်ရောက်ချင်း ရှောင်းကျန့်ကိုမတွေ့သည်မို့ လိုက်ရှာရတော့သည်။

ရေချိုးကန်ထဲမှဘောင်ဘင်ခတ်သံအားကြားနေရသည်မို့ ရေချိုးကန်ဘက်သွားကြည့်တော့ ကုန်းပေါ်သို့အလျင်အမြန်တက်လိုက်သောရှောင်းကျန့်ကိုတွေ့လိုက်ရသည်။ရှောင်းကျန့်ခန္ဓာကိုယ်တွင်အဝတ်နှင့်တူသည့်အရာတစ်ခုတစ်လေမျှရှိမနေပါ။

ဟာ ဒီကောင် ရေချိုးကန်ထဲဘောင်းဘီလေးတောင်ဝတ်မချိုးဘူးလား ဘာလဲ သေးပေါက်ချမလို့လား...

" ဟိတ်ကောင် ဘောင်းဘီသွားဝတ်စမ်း "

" ဝမ်ရိပေါ်ကရှောင်းကျန့်ရေချိုးရင် မလာရဘူးဆိုတာမသိဘူးလား "

♡ Mermaid is my husband ♡ { Complete✓ }Where stories live. Discover now