"သား ဘာမှမဖြစ်ဘူး အဖေတာဝန်ယူနိုင်သေးတယ် သားပြန်ကောင်းအောင်သာလုပ် ကြားလား"
"ဟုတ်ကဲ့"
"ဘာလို့ကားကိုကိုယ်တိုင်မောင်းတာလဲ မင်းမောင်းနိုင်တာလဲမဟုတ်ပဲနဲ့"
"လူတစ်ယောက်ကိုတိုက်မိသလိုဖြစ်တော့မလို့"
"ဘယ်သူလဲ"
"မသိဘူး"
မနက်ခင်းစောစောပိုင်းကမြို့အုပ်ဝမ်က မြို့အုပ်ရုံးကိုတစ်ယောက်ထဲကား
မောင်းသွားတယ် ဒါရိုက်ဘာကဖျားလို့အနားပေးထားတာ သူတစ်ယောက်
ထဲမောင်းလာတုန်းပဲ လမ်းချိုးတစ်ခုမှာကောင်လေးတစ်ယောက်ကိုဝင်တိုက်
မလို့ဖြစ်နေရင်းနဲ့ ချက်ချင်းရှောင်ချလိုက်တာ တစ်ဖက်ကလာတဲ့ကားနဲ့တိုက်
မိသွားတယ် အဲ့တာကလည်းအမတ်မင်တို့အိမ်ကကားပဲ အဲ့ခေတ်အဲ့အခါ
ကအမတ်တွေ ချမ်းသာတဲ့သူတွေပဲ ကားစီးနိုင်ကျတဲ့ခေတ်ပါ သာမန်လူတွေ
ကျတော့စက်ဘီးလေးနဲ့ မြင်းလှည်းလေးပေါ့။"မြို့အုပ်ဝမ် ကောင်လေးတစ်ယောက်ကတွေ့ခွင့်တောင်းနေပါတယ်
မောင်းထုတ်လဲမရဘူး အဲ့တာ...""ဝင်ခွင့်ပေးလိုက် ငါတွေ့မယ်..."
အရင်မြို့အုပ်ဟောင်းကမျက်မှန်တပ်ကာ အဲ့မှာပဲထိုင်စောင့်နေသည် နောက်တော့ကောင်လေးတစ်ယောက်ကကုတ်ကုတ်နဲ့ဝင်လာသည် ချစ်တော့
ချစ်စရာလေးပဲ ဒါပေမဲ့အကျႌကနည်းနည်းနွမ်းနေတယ်။"ဘာဖြစ်လို့လဲ လူငယ်လေး"
"ဟိုဟာ..ကျန့်ကျန့် တောင်းပန်ပါတယ်"
ရုတ်တရက်ကြီးခါးကိုညွှတ်ကိုင်းကာတောင်းပန်နေရှာသည်။
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ် တောင်းပန်ပါတယ်"
ပြောလည်းပြော ထပ်ခါထပ်ခါဦးညွှတ်နေသည်။
"ဟိုး...ရပြီ နေပါဦး ဘာလို့တောင်းပန်နေတာလဲ ပြောပြော ဦးကိုပြော"
"ကျန့်ကျန့်ကိုမသတ်ဘူးလို့ကတိပေးလားဟင်"
"ဦးတို့ကသတ်တဲ့သူမျိုးမဟုတ်ပါဘူးကွယ် ပြောဘာမှမဖြစ်ဘူးပြောကြည့်"
အရှေ့ကကောင်လေးကမြို့အုပ်ဝမ်အားမရဲတရဲကြည့်နေသည် မြို့အုပ်ဝမ်
ကသူ့ကိုစိုက်ကြည့်နေတာကြောင့်ချက်ချင်းပဲအကြည့်ကိုပြန်လွှဲလိုက်ပြီး
လက်လေးနှစ်ဖက်ကိုလည်း ပူးထားသေးတယ်။
YOU ARE READING
မြို့အုပ်ဝမ် နှင့် သူနာပြုရှောင်း (completed )
Fanfictionမြို့အုပ်လေးနဲ့သူနာပြုလေးပေါ့
Part 1
Start from the beginning