အပိုင်း - ၂

1.1K 148 13
                                    

မွေးဖွားခြင်းနဲ့ သေဆုံးခြင်း ။

ထို သဘာဝတရား နှစ်ခုကြားက တည်ရှိမှုက ဘဝ လို့ခေါ်တွင်ကြသတဲ့။

မွေးဖွားခြင်းကိုလှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုကြပေမယ့် သေဆုံးခြင်းကိုတော့  ရှောင်ကြဥ်ကာလက်မခံနိုင်ကြ။ ဘဝမှာပျော်ရွှင်ရတဲ့အခါ မွေးဖွားခြင်းကို ထောပနာပြုကြပေမယ့် ဆုံးရှုံးမှူတွေများလာတဲ့အခါ ထိုမွေးဖွားလာခြင်းကိုသာ ပြစ်တင်ကြပြန်ရော။  သူသည်လဲ ထိုသို့သော လူအများထဲမှ တစ်ယောက် ။

သေမင်းဟူသောဝေါဟာရ ။ 

လူသားများ စိတ်ကူးဖန်တီးထားသည်မှာ မကောင်းဆိုးဝါး တစ်ကောင်နှယ်။ အနှီလောက သဘာဝတရားကြီးတွင် သေမင်းဟူသည် မရှိ ။ လမ်းပြသူများသက်သက်သာ။  လူတစ်ယောက်သေဆုံးသွားခြင်းသည်  နယ်မြေတစ်ခုမှ တခြားတစ်ခုသို့ ကူးပြောင်းခြင်းသာဖြစ်သည်။ ကိုယ်နှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသည့် ‌နေရာတစ်ခုရောက်သည့်အခါ ယောင်ဝါးဝါးနှင့် လျှောက်သွားနေခြင်းထက် လမ်းပြတစ်ယောက်၏ အကူအညီယူခြင်းက ပိုမို ခရီးတွင်နိုင်မည် မဟုတ်ပါလား။ 

အမှန်ဧကန်ပင် သေမင်းများသည် လူအများထင်မှတ်ထားသလို သေဆုံးခြင်းကို ဖန်တီးသူများမဟုတ်ဘဲ စိမ်းသက်သက်နယ်မြေတစ်ခုထဲသို့ ရောက်ရှိလာသူများအား လမ်းပြပေးကြရုံသက်သက် တာဝန်ထမ်းဆောင်နေကြသူများသာ။

မွေးဖွားခြင်းကို အပြစ်တင်လျက် သေဆုံးသူ လမ်းပြ ဖြစ်လာသူ. . . . . . . . . . . . 

----------------------------------- WAITING --------------------------------------------------------------------------

"" နိုးလာပြီလား ဆရာ""

ဝေဝါးနေတဲ့ မျက်လုံးတွေကို ပိတ်လိုက်ဖွင့်လိုက် လုပ်ရင်း  အမြင်အာရုံကို သေချာအလုပ်ပေးလိုက်သည်။ သူက ဘာကြောင့် ဆေးရုံကုတင်ပေါ််ရောက်နေရတာလဲ ။ သူ့မှတ်ဥာဏ်ထဲမှာ ‌အရေးပေါ်ခန်း ထဲမှာ လူနာတွေ အနက်ရောင် အနောက်တိုင်း ဝတ်စုံနဲ့ လူ။ သေဆုံးသွားတဲ့လူနာ ။ အရာအားလုံးက ရှင်းရှင်းလင်းလင်း 

"" လူနာတွေရော ..... ပြီးတော့ အနောက်တိုင်း ဝတ်စုံနဲ့လူ ""

"" အနောက်တိုင်း ဝတ်စုံနဲ့က ဘယ်သူလဲ ဆရာ ........ ဆရာ သတိလစ်နေတာ တစ်ရက်နဲ့ တစ်ည ရှိနေပြီ ""

WAITING  Where stories live. Discover now