အပိုင်း ၃

Start from the beginning
                                    

သူလာမည့်အကြောင်း ယိင်းကိုကြိုမပြောတာကောင်းမယ် ယိင်းသိပ်ဝမ်းသာသွားမှာပဲ...

အတွေးနှင့်ခရီးနှင်ခဲ့လေရာ နာရီပေါင်းအတော်ကြာမောင်းနှင်ပြီးနောက် ယိင်းရှိရာ နမ့်ဆမ် မြို့လေးသို့ရောက်ခဲ့လေပြီ...

နမ့်ဆမ်ကိုတစ်ခါမှမရောက်ဖူးသော်လည်း ယိင်းက သူ့ကို ဓာတ်ပုံတွေပြထားသောကြောင့် ဆေးရုံအနီးတစ်ဝိုက်နေရာကိုတော့သိထားသည်။ googleခေါက်ကြည့်ပြီးနောက် ယိင်းတို့ဆေးရုံအဝတွင် ယိင်း၏အခန်းဖော်သူငယ်ချင်းနှင့်တန်းတိုးတော့သည်။

"ဟယ် ကိုအောင်ဖြိုးဝေလား ဘယ်လိုလုပ်ရောက်လာတာလဲ''

"ဟုတ် ကျွန်တော်ယိင်းကိုလာတွေ့တာပါ သူရောမပါလာဘူးလား''

"ရှင်...ဟို..ဟိုလေ...''

သူနာပြုဆရာမလေးသည် ပြောရခက်နေသောအမူအရာဖြင့် စကားတွေထစ်နေတော့သည်။

"ဘာဖြစ်လို့လဲဗျ ယိင်းနေမကောင်းလို့လား''

"မဟုတ်ဘူး ယိင်းက ကလော ကိုသွားတယ်''

"ဗျာ အလုပ်နဲ့လား''

"အဲ့ဒါက...ရှင်ကိုယ်တိုင်ပဲသူ့ကိုမေးလိုက်ပါ...ကျွန်မသွားလိုက်အုံးမယ်နော်''

စိတ်ညစ်ညစ်နဲ့ လူရှင်းရာကိုမောင်းထွက်လာလိုက်သည်။ လမ်းဘေးတစ်နေရာတွင် ဆိုင်ကယ်ရပ်လိုက်ပြီး ဖုန်းကိုထုတ်ကာ ဆက်သွယ်ရန်ကြိုးစားလိုက်သည်။

တစ်ခါ...နှစ်ခါ...ထို့နောက်အကြိမ်ကြိမ် သူမ ဖုန်းမကိုင်ခဲ့ပါ...

"ဘာတွေဖြစ်နေတာလဲ ယိင်းရာ...''

ထို့နောက် ယိင်းအကောင့်ထဲ ဝင်ကြည့်လိုက်သည် အကောင့်passwordပေးထားတာဆိုတော့ အချိန်မရွေးဝင်ကြည့်လို့ရသော်လည်း သူမကိုယ်ရေးကိုယ်တာကိုဝင်စွက်ဖက်သလို ဖြစ်မှာစိုးသဖြင့် ခဏခဏဝင်မကြည့်ဖြစ်ခဲ့...

အကောင့်ထဲတွင် တခြားကောင်လေးနှင့်စကားပြောထားတာလဲတွေ့သည် ။ သို့သော် ကိုယ်က ရှမ်းစာမတတ်သူမို့ ရှမ်းအချင်းချင်းရေးသည့်စာများကို နားမလည်နိုင်ခဲ့...

စိတ်ညစ်ညစ်နဲ့ ဖုန်းကိုပိတ်ကာ သက်ပြင်းရှည်ကိုမှုတ်ထုတ်လိုက်သည်။ သူ့မျက်လုံးထောင့်တွင် တစ်ယောက်ယောက်က သူ့ကိုကြည့်နေသည်ဟု ခံစားရသဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။ သို့သော် သူကလွဲပြီး ဘယ်သူမှရှိမနေပါ။

လမင်းနဲ့ပင်လယ် Where stories live. Discover now