" မဟုတ်တာတွေစပြောတော့မယ်
ဒီ​က​လေး​ ရည်မွန်​လေးကသူ့
သူငယ်ချင်းအကြောင်းကိုသိလို့
အစ်မကိုမှာလိုက်တယ် သူဘာမှ
မဖြစ်ဘူးတဲ့ ဆုလာဘ်ကိုပြောလိုက်
မဟုတ်တာ​တွေ​လျှောက်​တွေးနေပြီး
စိတ်မကောင်းမဖြစ်နေနဲ့ သူ့ကိုလာကြည့်
ပါအုံးတဲ့"

"အစ်မ ကျွန်​တော်"

" အမွန်ကဘယ်တုန်းက အဲဒီ​​လောက်
ထိစကားများများပြောဘူးလို့လဲ ။သူကတောင် နလန်ပြန်ထူစမှာ ပြန်ပြီး
က​လေးကို စိတ်ပူ ပေးနေတယ်။အဲ့တာကြောင့် သူငယ်ချင်းကို​ဆေးရုံမှာ
သွားကြည့်ရမယ်လေ။ငါ့​မောင်​လေးမှာအပြစ်မှမရှိတာ က​လေးကိုလည်း
ဘယ်သူမှအပြင်မတင်ဘူး"

" ရည်မွန်မျက်နှာကို ကျွန်​တော်
မကြည့်ရဲဘူးအစ်မ"

" မကြည့်ရဲစရာဘာအကြောင်းရှိ
လဲ။ငါ့​မောင်​လေးကြောင့် ဖြစ်ရတာမှ
မဟုတ်တာ။ရည်မွန်ကဘယ်လိုပဲ
ဖြစ်ဖြစ်ဒီကိုယ်ဝန်ကိုမှ မ​ဆောင်နိုင်
တာ။ကလေးနဲ့ချက်ချင်းကြီးခွဲလိုက်ရ
တာက​တော့ ရုတ်တရက်ဆိုတော့ စိတ်
တော့မပြင်ဆင်လိုက်ရဘူးပေါ့။တိုက်
တိုက်ဆိုင်ဆိုင် ကိုယ့်ကားစီးရင်းနဲ့ဖြစ်
သွား​တော့ ကိုယ့်အမှားမကင်းသလို
ဖြစ်သွားရတယ် ဒီလောက်ပါပဲ"

​ခေါင်းငုံ့လိုက်မိရင်း မျက်ရည်​​တွေဝဲ
ချင်လာပြန်​တော့ လက်နှစ်ဖက်နဲ့
ခပ်မြန်မြန်သုတ်ပစ်လိုက်ရသည်။
ဒီမျက်ရည်​တွေကလည်း ​ယောကျာ်း
​လေးဖြစ်ပြီး​တော့ ထစ်ခနဲရှိရင်ဘာလို့
ထွက်လာရတာလဲ။တစ်ကယ်ပဲ ​ပျော့ညံ့
လိုက်တာ။

"ဒီ​လောက်ချစ်တဲ့ ကိုကိုရှိတာ​တောင်
မှ စိတ်က​လေးကလည်း ငယ်တတ်
လိုက်တာ​နော်"

မမြတ်ရဲ့ အသံခပ်တိုးတိုး။

အစ်မမြတ်က နှစ်သိမ့်နေတဲ့စကား
တွေပြော​​လေ ကျွန်​တော်က ပိုပြီး
စိတ်မကောင်းဖြစ်မိရ​လေပဲ။

"အင်း​ပေါ့​လေ အစ်မကလည်း ကာယ
ကံရှင်မဟုတ်တော့ ငါ့​မောင်​​လေး
ခံစားနေရတာတွေကို​အကုန်လုံး ဘယ်နားလည်နိုင်ပါ့မလဲ။ ဒါပေမယ့်အစ်မ
ပြောချင်တာကတော့ ကိုယ့်အပြစ်ဆို
ပြီး​လျှောက်မ​တွေး​နေနဲ့ ကိုယ့်ကိုကိုယ်
​နေ​ကောင်း​အောင်​နေ"

Reward[Him From Final Year]Where stories live. Discover now