"ရပါတယ် ဘာမှမဖြစ်ပါဘူး....တစ်နေရာခေါ်သွားမယ်ဆို...."

"omm....ရိပေါ်သဘောကျလိမ့်မယ်လို့ကိုယ်ထင်တယ်...."

သေချာလှချည်လားကောရဲ့.....
ဘာများမို့လို့လဲ?....
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကားပေါ်မှာဘေးချင်းယှဥ်ရက်ထိုင်နေပေမယ့် နှစ်ယောက်သားဆီကဘာစကားသံမှမထွက်
တစ်ကယ်တော့ရိပေါ်ကားစီးရမှာအနည်းငယ်​ေတာ့ကြောက်မိတယ်
ပါးကကားaccidentကြောင့်မို့ဆုံးပါးသွားခဲ့ရသလို
မားလဲကားaccident ကြောင့်ပဲအောက်ပိုင်းသေသွားခဲ့ရတာ
အဲ့တာကြောင့်ရိပေါ်မြန်မြန်ရောက်ပါစေလို့သာဆုတောင်းမိတယ်

ရှောင်းကျန့် ရိပေါ်ဘက်ကိုလှည့်ကြည့်မိတော့
ကောင်လေးရဲ့အာရုံတွေကသူ့ဆီမှာရှိမနေပေ
ဖင်တကြွကြွနဲ့ နဲနဲလေးအရှိန်မြန်ရင်ကိုသူ့မှာမျက်လုံးတွေကိုမှိတ်ထားရတာ
ဒီကောင်လေးဘာကိုကြောက်နေတာလဲ

"ရိပေါ်..ဘာဖြစ်လို့လဲ....ဘာစိတ်တိုင်းမကျလို့လဲ..."

"ရတယ်...ကိစ္စမရှိဘူး...​ရှေ့ကိုသာကြည့်မောင်းပါ...."

ရှောင်းကျန့်ရိပေါ်ရဲ့လက်ကိုဆုပ်ကိုင်မိတယ်
ဒီကောင်လေး လက်တွေကိုအေးစက်နေတာပဲ

ရိပေါ်သူ့လက်ကလေးဆုပ်ကို်င်ခံရတာမို့ အနည်းငယ်တော့စိတ်သက်သာရာမိတယ်

ရှောင်းကျန့် ရိပေါ်ဆီကရှိုက်သံလေးထွက်လာတာမို့် စိုးရိမ်တကြီးလှည့်ကြည့်မိတယ်
ဒီကောင်လေးငိုနေတာလား....

"ဘာလို့လဲရိပေါ်....ဘာဖြစ်လို့လဲ....ဘယ်နားနေမကောင်းလို့လဲ...အဆင်ပြေရဲ့လား...."

ရိပေါ်တွေမျက်ရည်တွေသုတ်ပြီးခေါင်းကိုသာတွင်တွင်ခါရမ်းမိတယ်

"မဟုတ်ပါဘူး....ဒီတိုင်းပါးကိုသတိရသွားလို့...."

ရှောင်းကျန့် လူရှင်းတဲ့နေရာမှာကားရပ်ပြီး...

"ဆင်းရိပေါ်....."

"အမ်....."

ရုတ်တရက်ဆင်းခိုင်းတာကြောင့် ရိပေါ်လဲနားမလည်...သူ့ကိုခေါ်လာချင်တာဒီနေရာလား မဟုတ်ရင်
သူမျက်ရည်ကျမိလို့ပျော့ညံ့တယ်လို့ထင်သွားတာလား

𝙸𝚏 𝙾𝚞𝚛 𝙻𝚘𝚟𝚎 𝙸𝚜 𝚃𝚛𝚞𝚎💛.....(Completed) Wo Geschichten leben. Entdecke jetzt