ရိပေါ်ကသူ့ကိုမော့မကြည့်ပဲ ဆူပုတ်ပုတ်မျက်နှာလေးဖြင့်ခေါင်းညိမ့်ပြသည်။

"အကြာကြီးသွားမှာလားဟင်။ မင်းမရှိရင် မူကြိုမှာငါတစ်ယောက်ထဲပျင်းနေတော့မှာပဲ။ မြန်မြန်ပြန်လာနော် ရိပေါ် "

"လော့ယန်မှာက ငါ့သူငယ်ချင်းတွေအများကြီးရှိတယ်။ ငါကအဲ့မှာအကြာကြီးနေဦးမှာ ဟွန့်"

ရိပေါ်ကဆောင့်ဆောင့်အောင့်အောင့်လေးပြောပြီး ကားပေါ်ကိုပြေးတက်သွားလေသည်။ ကျန်နေခဲ့တဲ့ရှောင်းကျန့်မှာသာ လက်ထဲမှာပိုက်ထားတဲ့ဘောလုံးကိုပစ်ချလို့ ဝါးခနဲထငိုတာမို့ ဝမ်မားကပဲချော့မော့ပြီးအိမ်ပြန်ပို့ပေးခဲ့ရသည်။ ပြီးတော့ နောက်နှစ်ရက်လောက်နေရင် ပြန်လာခဲ့မယ်ဆိုတဲ့အကြောင်းလည်းပြောသွားသည်။ လူကြီးတွေကမုန့်တွေပေးပြီး အမျိုးစုံချော့မော့နေပေမယ့်လည်း ရှောင်းကျန့်မှာတော့ ရိပေါ်ကသူ့ကိုမခေါ်တော့ပဲ အခြားသူငယ်ချင်းတွေနဲ့သွားဆော့တယ်ဆိုတာကိုတွေးမိပြီး ဝမ်းနည်းမဆုံးဖြစ်နေတော့သည်။

"သားကလည်းကွယ် ကျန့်ကျန့်လေးကသားကိုဒီလောက်ခင်တာကို ဘာလို့အဲ့လိုပြောလိုက်ရတာလဲ။ ကျန့်ကျန့်လေးကို အနိူင်ကျင့်တာကိုမားမကြိုက်ဘူးလို့ပြောထားတယ်နော်"

မားရဲ့စကားကြောင့် ရိပေါ်မျက်နှာလေးကဆူပုတ်ပုတ်ဖြစ်နေရာမှ တဖြည်းဖြည်းမဲ့တဲ့တဲ့လေးဖြစ်လာပြီး

"ဒီနေ့ ရှောင်းကျန့်ဝတ်လာတဲ့အကျီအရောင်က ချင်းချင်းဆိုတဲ့ကောင်မလေးနဲ့ဆင်တူဖြစ်နေတာ သားမှမကြိုက်တာ"

"ဟေ...."

ဝမ်မားနဲ့ဝမ်ပါးမှာတော့ မတိုင်ပင်ထားပါပဲတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ ဘာဆက်ပြောရမှန်းမသိပဲ ရယ်ရခက်ငိုရခက်ဖြစ်သွားကြတော့သည်။

ฅ⁠^⁠•⁠ﻌ⁠•⁠^⁠ฅ

အရင်ထဲက သူတို့နှစ်ယောက်ကကျောင်းကိုအတူသွားနေကြမို့ ကားပေါ်မှာထိုင်ကာ ရိပေါ်ကိုစောင့်နေရင်း ညကအကြောင်းကိုပြန်တွေးနေမိသည်။ ညကဘယ်လိုဖြစ်ပြီး အဲ့လိုအခြေအနေထိရောက်သွားသလဲဆိုတာ သူဖြင့်စဥ်းစားလို့ပင်မရ။ ရိပေါ်နဲ့သူနဲ့သိတာ သူတို့တစ်သက်လို့ပင်ပြောလို့ရသည်။ ရိပေါ်အပေါ်မှာ ဒီလိုကျူးလွန်ဖို့မပြောနဲ့ မရိုးမသားစိတ်နဲ့ပင် မကြည့်ခဲ့ဖူးပေ။

𝐿𝑜𝑣𝑒 𝐿𝑒𝑡𝑡𝑒𝑟:𝑤𝑟𝑖𝑡𝑡𝑒𝑛 𝑏𝑦 𝐻𝑒𝑎𝑟𝑡जहाँ कहानियाँ रहती हैं। अभी खोजें